အာရှလမ်းတွင် စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကော့ကရိတ်မြို့အနီး တိုက်ပွဲများဆက်ဖြစ်

အာရှလမ်းတွင် စစ်ကား ၅ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကော့ကရိတ်မြို့အနီး တိုက်ပွဲများဆက်ဖြစ်

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် စစ်ကောင်စီတပ်ကား ၅ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကော့ရိတ်မြို့တောင်ဘက် ကော့နွဲ့ရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြဝတီဘက်သို့ အင်အားဖြည့်ရန် တက်လာသည့် စစ်ကောင်စီ ကား ၅ စီး ခန့်အား KNLA အဖွဲ့မှ အာရှလမ်း တောနော်ရေတံခွန်အနီးနှင့် မွေးမြူရေးဇုန်နေရာတို့တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦး အပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ် တစ်ခုက ပြောသည်။

ထိုသို့ အာရှလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ညနေ ၆ နာရီခန့်တွင် ကော့နွဲ့ရွာဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း ကော့နွဲ့ကျေးရွာအနီးနေသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“အခု ည ၆ နာရီ မှာ အလုံးကြီးတွေစပစ်နေပြီး။ ကော့နွဲရွာနားကျလောက်တယ်” ဟု ၎င်းဒေသခံက ပြောသည်။

လက်ရှိ အခြေအနေအရ စစ်ကောင်စီတပ်နှင့် KNLA တပ်မဟာ ၆ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုများဖြင့် တိုက်ပွဲများ ဆက်ဖြစ်နေပြီး တိုက်ပွဲအရှိန်ပိုမို ကြီးထွားလာနိုင်သည့်အတွက် မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်တွင် ခရီးသွားလာမှုများ မပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...