ထိုင်းဘက်ကို စစ်ဘေးဒုက္ခသည် (၇၀၀)ကျော် ဝင်ရောက်ခိုလှုံ

ထိုင်းဘက်ကို စစ်ဘေးဒုက္ခသည် (၇၀၀)ကျော် ဝင်ရောက်ခိုလှုံ

စစ်ကောင်စီတပ်တွေနဲ့ KNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေစဉ်မှာပဲ လေးကေ့ကော်နဲ့ မဲထော်သလေးဒေသက စစ်ဘေးဒုက္ခသည် (၇၀၀)ကျော်ဟာ မဲဆောက်ဘက်ကို ကူးပြီး တိမ်းရှောင်နေခဲ့ကြပါတယ်။

တိမ်းရှောင်လာတဲ့အထဲ ကလေးမိခင်တွေ၊ ကလေးတွေ၊ ဆရာမတွေ၊ ကျောင်းသား/သူတွေ၊ ဒေသခံတွေပါဝင်ပြီး သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ထိုင်းနယ်စပ်ကို ဝင်ရောက်ခဲံတာဖြစ်ပါတယ်။

ရွှေ့ပြောင်းလာသူတွေထဲမှာ တဦးကတော့ ဗုံးဆံထိထားပြီး ၆၀ ဦးလောက်ကတော့ ထိခိုက်မှုတွေရှိထားကာ ထိုင်းဘက်က သူနာပြုတွေက ကူညီကုသပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းစစ်တပ်နဲ့ ရဲက ကနဦးကူညီနေပြီး စားသောက်စရာတွေ၊ ရေတွေ၊ Masks တွေနဲ့ အခြားလိုအပ်တဲ့ အသုံးအဆောင်တွေကို ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး ရွှေ့ပြောင်းဝင်ရောက်လာသူတွေရှိနေပြီး ဒုက္ခသည် ၁၃၀၀ လောက်ရောက်ရှိမယ်လို့ ထိုင်းဘက်က ခန့်မှန်းထားပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...