ထားဝယ်တွင် ဒလန် ဆိုသူ နှစ်ဦး ပစ်သတ်ခံရ

ထားဝယ်တွင် ဒလန် ဆိုသူ နှစ်ဦး ပစ်သတ်ခံရ

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ရေဝိုင်းကျေးရွာတွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု ဆိုသူ အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

ရေဝိုင်းကျေးရွာ အပြင်ဘက် လမ်းခုလတ်တစ်နေရာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၅ နာရီခွဲ ဝန်းကျင်အချိန်ခန့်က ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

“ဦးမြမွှေးက ရွာမှာ မူးယစ်ဆေးဝါး ရောင်းသူတစ်ဦးပါ။ ဦးဇော်မင်းသူက ဦးမြမွှေး ရဲ့ လက်ရုံး အားကိုး တပည့် တစ်ယောက်ပါ” ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးသည် စစ်ကောင်စီသတင်းပေး ဒလန်များ ဖြစ်ကြပြီး ကျေးရွာအတွင်း မူးယစ်ဆေးဝါး ရောင်းချနေ သူများလည်း ဖြစ်သည်ဟု ရေဝိုင်းရွာသားများက ပြောသည်။

သေဆုံးသွားသူ နှစ်ဦးသည် အသက် ၄၅ နှစ် အရွယ် ဦးမြမွှေးနှင့် အသက် ၃၅ နှစ် အရွယ်ရှိ ဦးဇော်မင်းသူတို့ ဖြစ် ကြပြီး ၎င်းတို့သည် ရေဝိုင်းကျေးရွာသားများဖြစ်ကြသည်ဟု အသက် ၄၀ နှစ် အရွယ်ရှိ ရွာသား တစ်ဦး က ပြော သည်။

အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကို လိုင်းကြေးပေးပြီးကျေးရွာထဲတွင် ပေါ်ပေါ်ထင်ထင် မူးယစ်ဆေး ရောင်းချ နေကြသူများ ဖြစ်သည်။

ထို့နောက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးသည် စစ်ကောင်စီ အမာခံ သတင်းပေး လုပ် နေကြသူများဖြစ်သည်ဟု ဒေသခံရွာသားများက ပြောသည်။

၎င်းတို့နှစ်ဦးကို တနင်္သာရီနဂါးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၁၅ ရက်နေ့  နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသူ နှစ်ဦးအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မောင် မယ်ရှောင်ကျေးရွာသို့ ရောက်ရှိလာပြီး ရွာအတွင်းလမ်းများကိုပိတ်ဆို့ပြီး နေအိမ်များအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...