ကော့လှိုင်းလမ်းခွရှိ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ

ကော့လှိုင်းလမ်းခွရှိ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ

သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာလမ်းခွ ထီးမင်္ဂလာကျောင်းအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်ခန့်မှာ KNLA တပ်မဟာ (၁)တပ်ရင်း(၂)နဲ့သထုံပြည်သူ့ပျောက်ကျားများ(TPG),Thaton Defense Organization (TDO)နှင့်မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF),သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စခန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

"သူတို့ ရှေ့တန်းကင်းစခန်းကို သွားပစ်ခဲ့တာဟုတ်တယ်။ သူတို့ဘက်တော့ အနည်းဆုံး ၁ ဦးသေပြီး ၃ ဦးလောက်ထိခိုက်ဒဏ်ရာရသွားတယ်။ ကျွန်တော်တို့ ဘက်ကတော့ထိခိုက်တာမရှိဘူး''လို့ သထုံပြည်သူ့ပျောက်ကျားများ(TPG)က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စခန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညက ဝီယော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ၄၀ မမ နဲ့ပစ်ခတ်ခံရပြီး ၃ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...