ကော့လှိုင်းလမ်းခွရှိ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ

ကော့လှိုင်းလမ်းခွရှိ စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ

သထုံမြို့နယ်၊ ကော့လှိုင်းကျေးရွာလမ်းခွ ထီးမင်္ဂလာကျောင်းအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေပိုင်း ၃ နာရီကျော်ခန့်မှာ KNLA တပ်မဟာ (၁)တပ်ရင်း(၂)နဲ့သထုံပြည်သူ့ပျောက်ကျားများ(TPG),Thaton Defense Organization (TDO)နှင့်မွန်သထုံအထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF),သထုံမြို့ပြအထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စခန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

"သူတို့ ရှေ့တန်းကင်းစခန်းကို သွားပစ်ခဲ့တာဟုတ်တယ်။ သူတို့ဘက်တော့ အနည်းဆုံး ၁ ဦးသေပြီး ၃ ဦးလောက်ထိခိုက်ဒဏ်ရာရသွားတယ်။ ကျွန်တော်တို့ ဘက်ကတော့ထိခိုက်တာမရှိဘူး''လို့ သထုံပြည်သူ့ပျောက်ကျားများ(TPG)က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စခန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညက ဝီယော်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ၄၀ မမ နဲ့ပစ်ခတ်ခံရပြီး ၃ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...