ကော့ကရိတ် အာရှလမ်းမကြီးမှာ စစ်ကောင်စီ တပ်စွဲထား

ကော့ကရိတ် အာရှလမ်းမကြီးမှာ စစ်ကောင်စီ တပ်စွဲထား

မြဝတီမြို့အနီးက လေးကေကော်မြို့သစ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေစတင်ဖြစ်ပွားပြီးနောက် ကော့ကရိတ်မြို့က အာရှလမ်းမနဲ့ တောင်ကြာအင်းလမ်းဆုံဘက်မှာလည်း စစ်ကောင်စီတပ် လာရောက်တပ်စွဲနေရာယူတာတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကော့ကရိတ်မြို့အနီး အာရှလမ်းမပေါ်က ကျိုက်ဒုံလမ်းဆုံနဲ့ ကော့ကရိတ် ကြာအင်းဆိပ်ကြီး မုဒုံသွား ကားလမ်းမပေါ်က တောင်ကြာအင်းလမ်းဆုံဘက်မှာ စစ်ကောင်စီတပ်တွေက လာရောက်နေရာယူတပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်နေ့တွေတုန်းက အဲ့ဒီနေရာတွေမှာ စစ်ကောင်စီတပ်တွေ လာရောက်တပ်စွဲထားတာမရှိပဲ ဒီကနေ့မနက်ပိုင်းမှာမှ ရောက်ရှိလာတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အာရှလမ်းမမှာတော့ တပ်စွဲထားတာတော့ရှိတယ်။ အင်အား ၅၀ ဝန်းကျင်။ တောင်ကြာအင်း မြောက်ကြာအင်းဘက်လည်း ရှိတယ်လို့ကြားတယ်။ အရင်နေ့က မရှိဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ်မှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာ ၁၄ ရက်နေ့က စတင်ပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားကာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...