ပုလောမြို့နယ်မှာ စစ်ကောင်စီ အင်အား (၃၀၀)ကျော် တပ်စွဲထား

ပုလောမြို့နယ်မှာ စစ်ကောင်စီ အင်အား (၃၀၀)ကျော် တပ်စွဲထား

တနင်္သါရီတိုင်းဒေသကြီး ပုလောမြို့နယ် KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ အင်အားတိုးချဲ့လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေက ဒူးရင်းပင်ရှောင်ကျေးရွာရှိ ဘုရားကျောင်းဝင်းနှင့် လမ်းမကြီးဘေးရှိ အနီးအနားကျေးရွာတွေမှာ အင်အား (၃၀၀)နီးပါးနဲ့ ဝင်ရောက်တပ်ဆွဲထားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” ပုလောကုန်နဲ့ ဂျက်ဂါးရွာတွေဘက်မှာ အစကတည်းက တပ်စွဲထားတာရှိတယ်၊ အင်အားက ရာဂဏန်းတောင် မရှိဘူး၊ အခု လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်လောက် စစ်သားတွေ ထပ်ရောက်လာပြီးတော့ မနေ့ကဆိုရင် တပ်မဟာ ၄ နယ်မြေ ဒူးရင်းပင်ရှောင်ရွာနဲ့ပတ်ဝန်းကျင်ရွာတွေ ဘက်ကို စစ်သားတွေ ဝင်သွားတယ်၊ အဲဒီဘက်မှာလဲ တပ်စွဲထားတယ်၊ စစ်သားအားလုံး ၃၀၀ နီးပါးလောက်တော့ရှိတယ်၊ သူတို့ တပ်စွဲထားတာ။” ဟု ၎င်းက ပြောသည်။

အဆိုပါကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းနေတာနဲ့ ရွာအဝင်အထွက်ကို တားမြစ်ပိတ်ပင်မှုရှိနေတာကြောင့် ဒေသခံတွေသွားလာရေးအခက်ကြုံနေရတယ်လို့ ဆိုပါတယ်။

ယခုလို KNU တပ်မဟာ ၄ နယ်မြေထဲ အင်းအားတိုးချဲ့ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ၎င်းတို့ တပ်ဖွဲ့ဝင်သုံးဦးမှာ လက်နက်နဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတာကို သတင်းရလို့ ဝင်ရောက်ရှာဖွေတာဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က ဒူးရင်းပင်ရှောင်ကျေးရွာပတ်ဝန်းကျင်မှာ ဒေသခံ PDF ၊ KNU ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပွါးရာမှ စစ်ကောင်ဘက်က ၃ ဦး ကျဆုံးခဲ့ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...