ဝီယော်ကျေးရွာရှိ ခမရ(၉)တပ်စခန်း လက်နက်ကြီးနဲ့အပစ်ခံရ

ဝီယော်ကျေးရွာရှိ ခမရ(၉)တပ်စခန်း လက်နက်ကြီးနဲ့အပစ်ခံရ

သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိ စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ ခမရ(၉)တပ်စခန်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့ညက လက်နက်ကြီးနဲ့ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

အဆိုပါည ၈ နာရီခန့်မှာ ခမရ(၉)တပ်စခန်းကို Thaton People's Guerillas အဖွဲ့နဲ့KNLA တပ်မဟာ(၁)၊ တပ်ရင်း(၂)ပူးပေါင်းအဖွဲ့တွေက ၄၀ မမ နဲ့သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

"ညက ၈ နာရီဝန်းကျင်လောက်ရှိမယ်။ ကျွန်တော်တို့အဖွဲ့က သွားပစ်တယ်။ ၄၀ မမ နဲ့ ၈ ချက်လောက်ပစ်ခဲ့တယ်။ စကစ ဘက်က ထိခိုက်သေဆုံးတာရှိမယ်ဆိုသေချာတယ်။ သူတို့စခန်းက အထိုင်တပ်စခန်းကြီးဘဲ။ အခိုင်အမာရှိနေတဲတပ်စခန်းပါ။ ''လို့ Thaton People's Guerillas အဖွဲတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ပြန်လည် ပစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

"ညက ခမရ(၉)ကို လက်နက်ကြီးနဲ့အပစ်ခံရတယ်လို့ သိရတယ်။ ထိခိုက်သေဆုံးကတော့ သေချာမသိရသေးဘူး။ ကြားတာကတော့ ဗိုလ်တစ်ယောက်ဒဏ်ရာရတယ်ဆိုလားဘဲ။ ထိခိုက်သေဆုံးအခြေနေကိုတော့ မြေပြင်တပ်ဖွဲ့နဲ့သေချာမေးကြည့်မှရမယ်''လို့ KNLA တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့KNLA တပ်မဟာ(၁)ပူးပေါင်းအဖွဲ့တွေက မကြခဏ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်လေ့ ရှိပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...