ထားဝယ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဦးဆောင်လှုပ်ရှားသူ ၂ ဦးထောင်ဒဏ် ၁၁ နှစ်စီ အမိန့်ချခံရ

ထားဝယ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဦးဆောင်လှုပ်ရှားသူ ၂ ဦးထောင်ဒဏ် ၁၁ နှစ်စီ အမိန့်ချခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဦးဆောင်လှုပ်ရှားခဲ့သူ ၂ ဦးကို ထားဝယ်အကျဉ်းထာင်ရှိ ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ်စီကျခံဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသား ကွန်ရက်ထံက သိရပါတယ်။

အမိန့်ခံရသူတွေက ကိုဇင်မျိုးမင်း ၂၀ နှစ်နဲ့ကိုချစ်နိုင် ၁၉ နှစ်တို့ဖြစ်ပြီး သူတို့ ၂ ဦးစလုံးကို အကြမ်းဖက်မှု ၅၂ (က)အတွက် ထောင်ဒဏ် ၇ နှစ်၊ ၅၀၅(က)အတွက် ထောင်ဒဏ် ၃ နှစ်၊ လက်နက်မှု ၁၉ (စ)အတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ၁၁ နှစ်စီ အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ကိုဇင်မျိုးမင်းနဲ့ကိုချစ်နိုင်တို့ ၂ ဦးဟာ ထားဝယ်မြို့ပေါ် သပိတ်စစ်ကြောင်းတွေမှာ ဦးဆောင်ခဲသူတွေဖြစ်ပြီး အမှုတွဲတစ်ခုတည်းလို့ သိရပါတယ်။

"နှစ်ဦးစလုံးက အမှုတွဲတူတယ်။ အကြမ်းဖက်ပုဒ်မတွေ တပ်ပြီး ထောင်ဒဏ်ချမှတ်ခံရတာကတော့ တော်တော်ဆိုးဝါးတဲ့ကိစ္စပါဘဲ။''လို့ ထောင်ဒဏ်ချမှတ်ခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့မှာ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်မှာ ၂ ဦးစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ယခုလအတွင်း ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရသူတွေကို စစ်ကောင်စီတရားရုံးက ဆက်တိုက်အမိန့်ချတာတွေ ပြုလုပ်နေပြီး အားလုံးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...