စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးသော မီဇိုရမ်အပေါ် ကျေးဇူးတင်ကြောင်း ချင်းဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်ပြော

စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးသော မီဇိုရမ်အပေါ် ကျေးဇူးတင်ကြောင်း ချင်းဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်ပြော

မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်ပြည်သူများအပေါ် ကူညီစောင့်ရှောက်ထောက်ပ့ံပေးနေသော မီဇိုရမ်အစိုးရနှင့် မီဇိုရမ်ပြည်သူပြည်သားများအားလုံးအပေါ် ချင်းလူမျိုးကိုယ်စား အထူးကျေးဇူးတင်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်း လျန်လွယ်က ပြောသည်။

မီဇိုရမ်ပြည်နယ် Reiek ကျေးရွာ Convention Hall, Tourist Resort တွင် ဒီဇင်ဘာလ ၈ ရက်နေ့က မီဇိုးကျောင်းသားသမဂ္ဂ Mizo Zirlai Pawl (MZP) မှ ကြီးမှုးကျင်းပပြုလုပ်သည့် Leadership/ Nationalim Training Cum Advant Chnistmas ပွဲတွင် ဧည့်သည်တော်အဖြစ်တက်ရောက်သော ဦးဆလိုင်းလျန်လွယ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေသည် အချိန်ကာလ ဘယ်လောက်ကြာမည်ကို ပြောဆို၍မရနိုင်သေး သည့်အတွက် မီဇိုရမ်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးကြရန်လည်း ဆလိုင်းလျန်လွယ်က တောင်းဆိုခဲ့သည်။

Most read this week

February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...