လောင်းလုံး ဒေသခံ (၃၀)ကျော်နှင့်ဆိုင်ကယ်တွေကို စစ်ကောင်စီ ဖမ်းပြီး ပိုက်ဆံနှင့် ပြန်ရွေးခိုင်းနေ

လောင်းလုံး ဒေသခံ (၃၀)ကျော်နှင့်ဆိုင်ကယ်တွေကို စစ်ကောင်စီ ဖမ်းပြီး ပိုက်ဆံနှင့် ပြန်ရွေးခိုင်းနေ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးသွားတဲ့အပြင် ဆိုင်ကယ်အစီး ၃၀ ကျော်ကိုပါ သိမ်းဆည်းသွားပြီး ဆိုင်ကယ်တွေကို ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါည ၁၀ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဝေဒီကျေးရွာကို ရောက်ရှိလာပြီး တစ်အိမ်တက်တင်း ဝင်ရှာကာ ဒေသခံ ၃၀ခန့်ကို ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

“ဝေဒီမှာ ၃၀ လောက်ဖမ်းခံရတယ်။ ဆိုင်ကယ်တွေလဲ သိမ်းသွားတယ်။ လူဖမ်းမိတဲ့အိမ်ကနေ ဆိုင်ကယ်တွေပါ သိမ်းတာ။ သေနတ်တွေပစ်ဖောက်ပြီး ဝင်ဖမ်းတာ။ ဖမ်ခံရသူတွေက ထားဝယ်ကနေ လာရှောင်နေတဲ့သူတွေလဲပါတယ်။ ဆိုင်ကယ်တွေကို ပိုက်ဆံနဲ့လာထုတ်ခိုင်းတယ်။ အချို့ကျ ငွေပေးပြီး ပြန်ထုတ်လာကြတယ်။ ဘယ်လောက်ပေးခဲ့ရတယ်ဆိုတာက သူတို့လဲ မပြောရဲကြဘူး။ စကစ ဘက်က ရွာတွေကို တအားဖိနေတာ။ အဓိကတော့ PDF တွေနဲ့ သူတို့နဲ့ဆက်စပ်သူ ထောက်ပံသူတွေကို ရှာနေတာ”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးသွားတဲ့ ဒေသခံ အများစုကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းထားတဲ့ ဆိုင်ကယ်တွေကိုတော့ ဆိုင်ကယ်အမျိုးအစားအပေါ် မူတည်ပြီး ငွေကျပ် ၃၀၀၀၀ သောင်းကနေ ၂ သိန်းထိ တောင်းခံပြီး ပြန်ထုတ်လာခဲ့ရတယ်လို့လဲ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့ညမှာ ဝေဒီကျေးရွာကနေ ထွက်ခွာပြီး ကညုံကျွန်းနဲ့မင်းရပ်ကျေးရွာတွေဘက်ကို ထွက်ခွာပြီး စခန်းချနေတယ်လို့ သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...