တိတ်ဆိတ်ခြင်းသပိတ်မှာ ပါဝင်ပေးဖို့ မွန်က တော်လှန်ရေးအင်အားစုတွေ တောင်းဆို

တိတ်ဆိတ်ခြင်းသပိတ်မှာ ပါဝင်ပေးဖို့ မွန်က တော်လှန်ရေးအင်အားစုတွေ တောင်းဆို

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်မယ့် ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နေအိမ် အပြင်ထွက်သွားလာတာတွေ မလုပ်ဘဲ လူ့အခွင့်အရေးဆိတ်သုန်းနေမှုကို ကိုယ်စားပြုတဲ့ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike)မှာ ပါဝင်ပေးကြဖို့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအစုအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းမပေါ်မှာ ကားမရှိ၊ လူမရှိ၊ဈေးမဖွင့်၊ဆိုင်မဖွင့်၊ လည်ပတ်တာနဲ့ ဈေးဝယ်တာတွေ မပြုလုပ်ဘဲ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike)မှာ ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ အနက်အရောင်အဝတ်အစားတွေ ဝတ်ဆင်ပြီး လက်သုံးချောင်းထောင်တဲ့ Online Photo Campaign မှာလည်း ပါဝင်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ကိုတော့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတတယ်။ ဒီသပိတ်ရဲ့ ဆောင်ပုဒ်ကတော့ “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြဖို့” ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မတ် ၂၄ ရက်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိတ်ဆိတ်ခြင်းသပိတ်ကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...