တိတ်ဆိတ်ခြင်းသပိတ်မှာ ပါဝင်ပေးဖို့ မွန်က တော်လှန်ရေးအင်အားစုတွေ တောင်းဆို

တိတ်ဆိတ်ခြင်းသပိတ်မှာ ပါဝင်ပေးဖို့ မွန်က တော်လှန်ရေးအင်အားစုတွေ တောင်းဆို

ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်မယ့် ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နေအိမ် အပြင်ထွက်သွားလာတာတွေ မလုပ်ဘဲ လူ့အခွင့်အရေးဆိတ်သုန်းနေမှုကို ကိုယ်စားပြုတဲ့ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike)မှာ ပါဝင်ပေးကြဖို့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအစုအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လမ်းမပေါ်မှာ ကားမရှိ၊ လူမရှိ၊ဈေးမဖွင့်၊ဆိုင်မဖွင့်၊ လည်ပတ်တာနဲ့ ဈေးဝယ်တာတွေ မပြုလုပ်ဘဲ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike)မှာ ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ အနက်အရောင်အဝတ်အစားတွေ ဝတ်ဆင်ပြီး လက်သုံးချောင်းထောင်တဲ့ Online Photo Campaign မှာလည်း ပါဝင်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီ တိတ်ဆိတ်ခြင်းသပိတ် (Silent Strike) ကိုတော့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်သွားဖို့ စီစဉ်ထားတာ ဖြစ်ပါတတယ်။ ဒီသပိတ်ရဲ့ ဆောင်ပုဒ်ကတော့ “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြဖို့” ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မတ် ၂၄ ရက်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိတ်ဆိတ်ခြင်းသပိတ်ကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...