ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၂၀၀၀ ကျော် တိမ်းရှောင်နေရ

ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၂၀၀၀ ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းအနောက်ခြမ်းကျေးရွာများအနီးတွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ အကြား တိုက်ပွဲဖြစ်ပြီးနောက် ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သဖြင့် ရွာသား ၂၀၀၀ ကျော် စစ်ဘေးတိမ်း ရှောင် နေရသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက် ၇ နာရီ အချိန်ခန့်တွင် အောင်စည်မြေကျေးရွာ အနီးတွင် မြေပြင်တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီးနောက် နံနက် ၉ နာရီ အချိန်ခန့်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းဖြင့်ပါ ၄၅ မိနစ်ကြာခန့် တိုက်ခိုက်ခဲ့ သည်ဟု ဒေသခံများက ပြောသည်။

အောက်စည်မြေကျေးရွာက ဒေသခံရွာသားတစ်ဦး “ပစ်တာက စက်သေနတ်နဲ့ကော ဒုံးကျည်နဲ့ကော ပစ်တာပဲ။ နေလည်ကျတော့ ရဟတ်ယာဉ်နဲ့ပဲ လူထပ်လာချ သွားတယ်။ အင်အားထပ်ဖြည့်ကြတာ ဖြစ်မယ်“ ဟု ပြော သည်။

ရဟတ်ယာဉ်သုံး လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါင်းတောင်ကူ၊ လင်ပြင်ကွက်၊ တပ်တည်အရှေ့၊ တပ်တည် အနောက်၊ မြကန်သာ၊ အောင်စည်မြေ၊ နဂါးကွင်းကျေးရွာများက ရွာသား ၂၀၀၀ ကျော်ခန့် စစ်ဘေးရှောင်နေကြရ သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းတိုက်ပွဲတွင် ဒေသခံ PDF နှစ်ဦးကျဆုံးပြီး စစ်ကောင်စီဘက်မှ အထိအခိုက်ကိုမူမသိရသေးကြောင်း ၎င်းက ပြောသည်။

ယနေ့ မွန်းလွှဲ ၁ နာရီ အချိန်ခန့်တွင် ရဟတ်ယာဉ်တစင်းဖြင့် လူအင်အားထပ်ဖြည့်ခဲ့ပြီး  နဂါးကွင်းကျေးရွာတွင် တပ်ထိုင်ထားသည်ဟု ဒေသခံများက ဆိုသည်။

ထို့နောက် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ တဲကြီးကျေးရွာ က ရွာသားများလည်း ထွက်ပြေးရှောင်နေရသည်ဟု သိရသည်။

ကျေးရွာပေါင်း ၈ ရွာခန့်က ရွာသားများ တိမ်းရှောင်နေရပြီး နဂါးကွင်းကျေးရွာသည် အိမ်ခြေပေါင်း ၆၀၀ ကျော် ခန့်ရှိကာ အခြားကျေးရွာများသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသည် ရွာများဖြစ်ကြသည်။

အဆိုပါတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးဘူး။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ကလည်း ညောင်လှကျေးရွာ အနီးတဝိုက်ကို ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ သည့် ဖြစ်စဉ်ရှိခဲ့သည်။

နိုဝင်ဘာလ ၈ ရက်နေ့က ရဟတ်ယာဉ်လေးစင်းဖြင့် အနောက်မြောက်တိုင်း တပ်များကို လာချသွားပြီး ဒီပဲယင်း၊ တန့်ဆည်၊ ရေဦးဘက် အထိ နယ်မြေရှင်းလင်းရေးပုံစံများ လုပ်ဆောင်နေသည်။

February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...