ကျောင်းရွာရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ ၊ ဒဏ်ရာရသူ (၄)ဦးထက်မနည်း ရှိ

ကျောင်းရွာရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ ၊ ဒဏ်ရာရသူ (၄)ဦးထက်မနည်း ရှိ

ရေးမြို့နယ် ကျောင်းရွာက ရဲကင်းစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ်ဦးနီးပါးက ရဲကင်းစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ အပါအဝင် လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် နယ်မြေရဲကင်းစခန်းမှူးအပါအ၀င် လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

"သူတို့အဖွဲ့က ၁၀ ယောက်လောက်ရှိမယ်၊ ဆိုင်ကယ်နဲ့လာပြီးတော့ အရင်ဆုံး ရဲကင်းကို လက်ပစ်ဗုံးသုံးလုံးပစ်ထည့်ပြီး သေနတ်နဲ့ပစ်သွားတာ၊ နောက်သူတို့အဖွဲ့ကပဲ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို သေနတ်နဲ့ ထပ်ပစ်သွားတယ်။ ကျောင်းရွာနယ်မြေစခန်းမှူးက ကျည်ရှပ်ထိသွားတယ်၊ ပြည်သူ့စစ် ၂ ယောက်နဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်၊ ဒဏ်ရာရရသွားတာ ဟုတ်တယ်" လို့ ဆိုပါတယ်။

လက်ရှိ ဒဏ်ရာရရှိထားတဲ့ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်အပါ လေးဦးကို မော်လမြိုင်မြို့ စစ်ဆေးရုံကို ပို့ဆောင်ထားပြီး အဲဒီအထဲမှာ စစ်မှုထမ်းဟောင်းတစ်ဦးက ဒဏ်ရာပြင်းထန်နေတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတွေနဲ့ ရေးမြို့နယ်အတွင်းရှိ နေရာအများစုမှာ လုံခြုံရေးတိုးမြှင့်ထားသလို စစ်ဆေးရှာဖွေမှုတွေ မိုပိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...