အပစ်ရပ်ကြေညာထားသည့် နှစ်လအတွင်း KNU နှင့် တိုက်ပွဲပေါင်း ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီ ၄၀၀ ကျော်ကျဆုံး

အပစ်ရပ်ကြေညာထားသည့် နှစ်လအတွင်း KNU နှင့် တိုက်ပွဲပေါင်း ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီ ၄၀၀ ကျော်ကျဆုံး

စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း ၅ လတာ အပစ်ရပ်ကြေညာထားသော်လည်း အပစ်ရပ်ကာလ ၂လအတွင်းမှာပင် KNU-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တိုက်ပွဲပေါင်း ၄၀၀ကျော် ဖြစ်ပွားကာ စစ်ကောင်စီနှင့် နယ် ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၄၀၀ကျော် ကျဆုံးခဲ့ကြောင်း KNU ၏ လစဉ် တိုက်ပွဲအကျဉ်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ၂၀၂၂ ဖေဖော်ဝါရီလကုန်အထိ အပစ်ရပ် စတင်ကြေညာခဲ့သော်လည်း ကနဦး အောက်တိုဘာလအတွင်းပင် KNU ထိန်းချုပ်နယ်မြေ တပ်မဟာ (၅)ခုတွင် တိုက်ပွဲပေါင်း ၂၇၅ကြိမ်ဖြစ်ပွားခဲ့ပြီး နိုဝင် ဘာလတွင်လည်း တိုက်ပွဲပေါင်း ၂၀၆ကြိမ် ဖြစ်ပွားခဲ့ကာ စုစုပေါင်း ထိတွေ့တိုက်ပွဲ အကြိမ်ရေ (၄၈၁)ကြိမ် ဖြစ်ပွားခဲ့ သည်။

အဆိုပါတိုက်ပွဲပေါင်း ၄၈၁ ကြိမ်တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီဘက်မှ ၂၇၁ဦး ကျဆုံးခဲ့ပြီး ၂၆၆ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နောက်ထပ် နိုဝင်ဘာလတွင်လည်း ၁၉၀ဦး သေဆုံပြီး ၁၅၉ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထား သည်။

နှစ်လတာ ထိတွေ့ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသူများထဲတွင် စစ်ကောင်စီနှင့် BGF ဘက်မှ တပ်ရင်းမှူး ၂ဦး၊ ဒု-တပ်ရင်းမှူး ၁ဦး၊ ဗိုလ်ကြီး ၆ဦး၊ တပ်ခွဲမှူး ၁ဦး၊ ဗိုလ်မှူး ၁ဦး၊ ဗိုလ် ၂ဦး၊ တပ်ကြပ် ၂ဦးပါဝင်ပြီး KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)ဘက်တွင်မူ ၉ဦး ထိခိုက်ကျဆုံးကာ ၃၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လတ်တလော စစ်ကောင်စီနှင့် KNU အကြား ထိတွေ့တိုက်ပွဲများတွင် KNU၏ထိန်းချုပ်နယ်မြေများဖြစ်သော တပ်မ ဟာ(၅)၊ တပ်မဟာ(၁)၊ တပ်မဟာ(၃)၊ တပ်မဟာ(၂)နှင့် တပ်မဟာ(၆) ဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ၎င်းတပ် မဟာများအနက် တပ်မဟာ ၅တွင် လစဉ် ထိတွေ့တိုက်ပွဲ အများဆုံးဖြစ်ပွားခဲ့သည်။

စစ်ကောင်စီဘက်မှ နိုင်ငံတစ်ဝန်း တစ်ဖက်သတ် အပစ်ရပ်ကြေညာချက် ထုတ်ပြန်ထားသော်လည်း ကရင်ပြည်နယ် အပါအဝင် မြန်မာပြည်အထက်ပိုင်းဒေသများ၊ ချင်းပြည်နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်များတွင် နေ့စဉ် ထိတွေ့မှု ပြင်းထန်လာခဲ့ပြီး အဆိုပါဒေသများကိုလည်း စစ်ကောင်စီဘက်မှ စစ်အင်အား တိုးချဲ့လှုပ်ရှားမှုများ ပုံမှန် လုပ်ဆောင် လျက်ရှိသလို အရပ်သားအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း နေ့စဉ် ကျူးလွန်လျက်ရှိနေ ကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြလျက်ရှိသည်။

KNU နှင့် ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီနှင့် BGF ဘက်မှ အရပ်သားများကို လူသားဒိုင်းသဖွယ် အသုံးပြုခြင်းနှင့် အတင်းအဓမ္မ ပေါ်တာခေါ်ယူခြင်းများလည်း ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိပြီး သောင်းနှင့်ချီသည် ဒေသခံ အရပ် သားများ စစ်ဘေးရှောင်နေကြရသလို လတ်တလောကာလများတွင်လည်း စစ်ကောင်စီဘက်မှ စစ်ရေး ပိုမိုလှုပ်ရှားလာ ခြင်းကြောင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

လတ်တလော KNU ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှုနှုန်းသည် ယခင် စစ်ကောင်စီ အပစ်ရပ်ကာလ မကြေ ညာသည့် ကာလများထက် ပိုမို မြင့်မားလာကြောင်းလည်း KNU ဘက်က ပြောဆိုသည်။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...