ရေး - သံဖြူဇရပ် ကားလမ်းမှာ စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

ရေး - သံဖြူဇရပ် ကားလမ်းမှာ စစ်ကားတစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရ

ရေးမြို့မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာတဲ့ စစ်ကားတစ်စီးကို ဒီကနေ့ နံနက်ပိုင်းက လိမ္မော်ခြံကျေးရွာနဲ့ အောင်သပြေကျေးရွာအကြား အောင်သုခဇရပ်အနီးမှာ ရေး PDF တပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Black Lightning Force က ထုတ်ပြန်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၉ ဦးသေဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)မှ အန္တရာယ်ကင်းစွာဆုတ်ခွာလာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူစာရင်းကို ထုတ်ပြန်ထားခြင်းမရှိဘဲ ယင်းကိစ္စနဲ့ပတ်သက်ပြီး ရေးမြို့မရဲစခန်းနဲ့ နီးစပ်သူတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ

" ကျွန်တော်တို့သိသလောက်က စစ်တပ်သုံး ဟိုင်းလက်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာမှန်တယ်၊ စစ်ကောင်စီဘက်က သေဆုံးသူရှိတာလည်း မှန်တယ်။ ဘယ်လောက်သေလဲဆိုတာတော့ သူတို့လဲ အတိအကျမသိရဘူး။ ပြင်းထန်ဒဏ်ရာရတဲ့သူတော့ ရှိတယ်တဲ့။ " ဟု ၎င်းက ပြောသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းမှာ ရေးမြို့နယ်မြောက်ပိုင်း KNU တပ်မဟာ ၆ နယ်မြေမှာ KNU နဲ့ စစ်ကောင်စီတပ်ဖွဲ့အပြန်အလှန်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးခဲ့ပါတယ်။

ရေးမြို့နယ်မှာဆိုရင် စစ်အုပ်စုသတင်းပေးဒလန်နေအိမ်တွေ၊ ဌာနဆိုင်ရာရုံးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေ မကြာခဏ ဗုံးဖောက်ခွဲခံရနေတဲ့အပြင် ယခုရက်ပိုင်းတွေမှာ စစ်ကောင်စီယာဉ်တန်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာ ရသူများနေပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...