ရွာသား ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်

ရွာသား ၁၁ ဦးကို အရှင်လတ်လတ် မီးရှို့သတ်

စစ်ကိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာ အရှေ့မြောက်ဘက် ကံပြင်တွင် ၁၈ နှစ် အောက် အသက်မပြည့်သေးသူ ၅ ဦး အပါအဝင်ရွာသား ၁၁ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့သတ်သွားသည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၀နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်သားများက ရွာသားများကို အရှင် လတ်လတ် မီးရှို့သတ်သွားခြင်း ဖြစ်သည်။

“မီးရှို့ထားတဲ့နားမှာ သွေးကွက်တွေလည်း အများကြီး။ ကိုယ်မြန်မာ လူမျိုးအချင်းချင်း အဲ့ဒီလောက်ကြီး လုပ် စရာလိုလို့လားဗျာ“ ဟု ရွာသားတစ်ဦး က ပြောသည်။

စစ်သား ၈ ဦးခန့် ရွာထဲဝင်လာစဉ် ကြောက်လန့်၍ ကွမ်းခြံများ၊ ကိုင်းတောများကြားတွင် ပုန်းအောင်နေသည့် ရွာ သားများကို ဖမ်းဆီးရိုက်နှက်ပြီးမှ မီးရှို့သတ်သွားခြင်းဖြစ်သည်။

လက်ပြန်ကြိုးတုတ် မီးရှို့သတ်ခံရသူများသည် အသက် ၁၄ နှစ်၊ ၁၅ နှစ် အရွယ် မောင်ကျော်သက်၊ မောင်အာ ကာစိုး၊ မောင်စန်းလင်းစိုး၊ မောင်ချစ်နန်းစိုး၊ မောင်သန်းမြင့်အောင်တို့ဖြစ်ပြီး ကျန် ၆ ဦးမှာလည်း တောင်သူများ သာ ဖြစ်သည်။

မီးရှို့အသတ်ခံသူထဲတွင် ပါဝင်သူ ကိုစိုး၏ အိမ်ရှိ ပစ္စည်းများကိုလည်း ရိုက်နှက်ဖျက်ဆီးပြီး ယူဆောင်သွား သည် ဟု ဒေသခံများက ဆိုသည်။

မီးရှို့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုသိမ်-မုံရွာ ကားလမ်းအတိုင်း တောင်ဘက်သို့ ထွက်သွားစဉ် ကံကုန်းရွာ အဲဗားဝင်ဘီယာဆိုင်က အလုပ်သမား ၅ ဦးခန့်ကိုလည်း ဖမ်းသွားသည်ဟု ဒေသခံများက ပြောသည်။

ယမားချောင်းမြောက်ဘက်ရှိ ကျေးရွာများတွင်သာ PDF များ၏ မိုင်းဆွဲတိုက်ခိုက်မှုရှိပြီး ယခု အပြစ်မဲ့ပြည်သူ ရွာသားများ မီးရှို့အသတ်ခံရသည့် ယမားချောင်းတောင်ဘက်ရွာများတွင် တိုက်ခိုက်မှုများ မရှိဘူးဟု ဆိုကြသည်။

May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...