ဖမ်းဆီးသွားသည့် ထမင်းဆိုင်ရှင်အလောင်းလာယူရန် စစ်ကောင်စီအကြောင်းကြား

ဖမ်းဆီးသွားသည့် ထမင်းဆိုင်ရှင်အလောင်းလာယူရန် စစ်ကောင်စီအကြောင်းကြား

မြိတ်မြို့တွင် ဖမ်းဆီးသွားသည့် ထမင်းရောင်းသူ၏ အလောင်းလာယူရန် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မိသားစုထံ အကြောင်းကြားလာကြောင်း အိမ်နီးချင်းများက ပြောသည်။

မြိတ်မြို့၊ နောက်လယ်ရပ်ကွက် ၁ လမ်းတွင် ထမင်းဆိုင်ရောင်းချနေသူ တစ်ဦးကို PDF များအား ထောက်ပံ့သူ ဟု စွပ်စွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်ဆီးသွားခဲ့ပြီး ၃ ရက်အကြာ ဒီဇင်ဘာလ ၇ ရက်တွင် အလောင်းလာကြည့်ရန် မိသားစုထံ အကြောင်းကြားလာသည်ဟု ရပ်ကွက်နေထိုင်သူများက ပြောသည်။

အသက် ၄၀ ဝန်းကျင်အရွယ် ဦးပြည့်စုံဦး(ခ)တီးတီ ကို PDF များအား ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ် ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

နောက်လယ်ရပ်ကွက်နေ ဦးပြည့်စုံဦး မိသားစုနှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက “လာဖမ်းတဲ့အထဲမှာ အရပ်ဝတ်နဲ့ စရဖတွေ ပါတယ်” ဟု ပြောသည်။

ဦးပြည့်စုံဦး ကို ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် ၇ နာရီကျော်ဝန်းကျင် အချိန်ခန့်တွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက်နေ့တွင် အလောင်းလာကြည့်ရန် အကြောင်းကြားလာခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ဦးပြည့်စုံဦးသည် လေဖြတ်နေသည့် မိဘ နှစ်ဦးကို လုပ်ကျွေးနေသူဖြစ်ပြီး လူမမယ်အရွယ်

ကလေးနှစ်ဦးလည်း ကျန်ရစ်ခဲ့သည်ဟု နောက်လယ်ရပ်ကွက်တွင် နေထိုင်သူများ က ပြောသည်။

ဖမ်းဆီးခဲ့ပြီးနောက်  ၃ ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင်  ဦးပြည့်စုံဦး၏ အလောင်းကို ကလွင်သုသာန်တွင် လာရောက်ကြည့်ရှုရန် စစ်ကောင်စီတပ်ဖွဲ့က မိသားစုအား အကြောင်းကြားခဲ့သည်။

ထိုသို့ အကြောင်းကြားခဲ့ရာတွင် မည့်အကြောင်းရင်းဖြင့် သေဆုံးသွားသည်ကို ဖေါ်ပြခြင်းမရှိပဲ ရုပ်အလောင်းကို လည်း ဓါတ်ပုံမရိုက်ရန် နှင့် လူမှုကွန်ယက်စာမျက်နှာပေါ် မတင်ရန်လည်း ခြိမ်းခြောက်ခံထားရသည်ဟု ဆွေမျိုး နီးစပ်သူ က ပြောသည်။

မြိတ်မြိုတွင် ယခုကဲ့သို့ နေ့စဉ်နီးပါး နေ့ပိုင်းရော ညပိုင်းများတွင်ပါ ဖမ်းဆီးမှုများ များပြားလျက်ရှိနေပြီး အလောင်းလာ ရောက်ထုတ်ယူခိုင်းသည့် အခြားသောဖြစ်ရပ်အချို့လည်း ရှိနေသည်ဟု မြို့ခံများ၏ ပြောပြချက် များအရ သိရသည်။

July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...
July 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်တွင် စစ်တပ်က နယ်မြေထိန်းချုပ်ရန် အင်အား အလုံး...