ရဲမိန်းမများ စစ်သင်တန်း မတက်မနေရ တက်ရန် ညွှန်ကြား

ရဲမိန်းမများ စစ်သင်တန်း မတက်မနေရ တက်ရန် ညွှန်ကြား

မိမိတို့စခန်းကို မိမိတို့ ကာကွယ်နိုင်ရန်အတွက်ဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးမယား အိမ်ထောင်သည် များကို စစ်သင်တန်း မတက်မနေမရ တက်ရန် အထက်က ညွန်ကြားလာသည်ဟု နေပြည်တော် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုစစ်သင်တန်းကို မြို့နယ်မှူးကတော်က ဦးဆောင်တက်ရောက်ရမည်ဖြစ်ပြီး စခန်းမှူး၏ ဇနီးအပါအဝင် တပ်သား အဆင့်ထိ ဇနီးမယားများ အားလုံးတက်ရောက်ရမည်ဖြစ်သည်။

“လိုင်းခန်းမှာ မရှိတဲ့သူတွေ မိဘဆွေမျိုးတွေဆီ ပြန်နေတဲ့သူတွေကိုလည်း ဖုန်းနံပါတ်တောင်းပြီး အတင်း ပြန် ခေါ်ခိုင်းတယ်။ အားလုံးတက်ရမယ်သဘောပေါ့“ ဟု နေပြည်တော် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

စစ်သင်တန်းကာလမှာ ၇ ရက် (တပတ်) မှ ၁၀ ရက် အထိ တက်ရမည်ဖြစ်သည်ဟု အဆိုပါ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၏ ဒေသတချို့ရှိ ရဲကင်းများနှင့် ရဲစခန်းများ PDF တပ်ဖွဲ့အချို့၏ အလစ်အငိုက် ဖမ်းတိုက်ခိုက်ခံရမှု ခပ်စိပ်စိပ် ဖြစ်လာပြီးနောက် ယခုကဲ့သို့ ရဲမိသားစုဝင် အိမ်ထောင်သည်များကို စစ်သင်တန်းတက်ရန် ညွှန်ကြား ခြင်းဖြစ်နိုင်သည်ဟု မြောက်ဒဂုံမြို့နယ်မှ အငြိမ်းစား ရဲအရာရှိတစ်ဦးက ပြောသည်။

”အခုက စစ်ကိုင်း၊ ချင်း၊ မကွေးလို နေရာမျိုးတွေမှာပါ အင်အားဖြန့်ချနေရတော့ နောက်တန်းရော ရဲစခန်းတွေ ရော လုံခြုံရေး အင်အားမရှိတဲ့ သဘောဖြစ်နေတာပေါ့“ ဟု ၎င်းကပြောသည်။

ယခင်ကလည်း တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၏ ဇနီးမယား မိသားစုဝင်များကို စစ်သင်တန်းပေးခဲ့သည့် စီမံ ချက် ရှိခဲ့ပြီး ဖွဲ့စည်းပုံ မပြည့်သဖြင့် ယခုတပ်ရင်း အတော်များများ ရှေ့တန်းက ပြန်မရာက်သည်မှာ နှစ်ပေါက် နေပြီ ဖြစ်သည်ဟု အငြိမ်းစားရဲအရာရှိက ဆက်ပြောသည်။

မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့တွင် လက်ရှိ အင်အားစုစုပေါင်း ၈၃၀၈၆ ဦးရှိပြီး အရာရှိ ၁၄၉၅၁ဦး၊ အခြားအဆင့် ၆၈၁၉၂ ဦးရှိကာ ရဲတပ်ဖွဲ့နှင့် ပြည်သူအချိုးမှာ ၁ အချိုး ၆၅၀ ဖြစ်သည်ဟု ၂၀၁၉ ခုနှစ် စာရင်းများအရ သိရ သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံတွင် ရဲဌာနကြီး ၆ ခု၊ အထူးတပ်ဖွဲ့ ၁၆ဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့ ၁၅ ဖွဲ့၊ နယ်ခြားစောင့်ရဲကွပ်ကွဲမှုအဖွဲ့၊ လုံခြုံရေး ရဲကွက်ကဲမှုအဖွဲ့နှင့် လေ့ကျင့်ရေး ကျောင်းများ ပါဝင်သည်ဟု သိရ သည်။

May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...