သမ္မတဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ်စီချပြီးနောက် (၂) နှစ်ပြန်လျှော့

သမ္မတဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၄ နှစ်စီချပြီးနောက် (၂) နှစ်ပြန်လျှော့

သမ္မတ ဦးဝင်းမြင့် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မ (၂) ခုနဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် (၄) နှစ်စီချခဲ့ပြီးနောက် ညပိုင်းမှာ (၂) နှစ်စီပြန်လျှော့လိုက်ကြောင်း စစ်ကောင်စီရဲ့ မီဒီယာတွေက ကြေညာခဲ့ပါတယ်။

ထို့ပြင် ထောင်ဒဏ်နှစ်နှစ်ကိုလည်း လက်ရှိ ထိန်းသိမ်းထားတဲ့ နေရာမှာပဲ ဆက်လက်ကျခံရမယ်လို့လည်း ပြောဆိုထားပါတယ်။

၎င်းတို့နှစ်ဦးကို  ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ်( ၂ ) နှစ် နှစ်    သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅  အတွက်  ထောင်ဒဏ် (၂)  နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်စီချမှတ်ခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို  ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က မဲဆွယ်စည်းရုံးရေး Car Campaing မှာ လက်ပြနှုတ်ဆက်မှုက  Covid19 စည်းကမ်းတွေကို ချိုးဖောက်ကြောင်း စွပ်စွဲပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ နဲ့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နောက်ထပ်ပုဒ်မတစ်ခုမှုဖြစ်သည့် ပုဒ်မ ၅၀၅(ခ) က အာဏာသိမ်းပြီး ၇ ရက်အကြာတွင် NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ကြေညာချက်အမှတ် ၆/၂၀၂၁ ပါ အကြောင်းအရာတွေက နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင် နှင့် ဒေါက်တာမျိုးအောင် တို့ကို စစ်ကောင်စီက တရားစွဲဆိုခဲ့တာလည်းဖြစ်သည်။

၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...