KNU ဖာပွန်ခရိုင်ထဲက တပ်စခန်း (၁၁)ခုကို စစ်ကောင်စီ စွန့်ခွာ

KNU ဖာပွန်ခရိုင်ထဲက တပ်စခန်း (၁၁)ခုကို စစ်ကောင်စီ စွန့်ခွာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်ထဲက စစ်ကောင်စီ တပ်စခန်း ၁၁ ခုကို တပ်က စွန့်ခွာသွားကြတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူအပြုကွန်ယက် (KPSN)က ထုတ်ပြန်ပါတယ်။

စစ်တပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ပြောက်ကျားတိုက်ခိုက်မှုနဲ့ ထောက်ပံ့ရေးလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်မှုတွေကြောင့် စွန့်ခွာထွက်ပြေးသွားကြတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က သိမ်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အောက်တိုဘာလကုန်အထိ ဖာပွန်ခရိုင်ထဲကို စစ်ကောင်စီတပ်က တပ်ပြေး ၂၈ ဦး လာရောက် ခိုလှုံခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူအပြုကွန်ယက် (KPSN)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာတဲ့ တပ်သား ကိုဇော်လွင်ဦးကတော့ စစ်ကောင်စီတပ်ထဲမှာ အများစုက ပြေးချင်တဲ့လူနဲ့ တောခိုချင်တဲ့လူတွေက များနေပြီး တပ်ထဲမှာ လစာအပြည့်အဝမပေးတဲ့အပြင် အမိန့်နာခံမှုတွေလည်းမရှိတော့ဘူးလို့ ဆိုပါတယ်။

“တပ်ထဲက ပြေးဖို့က လူအများကြီးပါ ။ စည်းကမ်းချက်တွေကတော့ ပိုတင်းကြပ်ထားတယ်။ စခန်းထဲက တော်ရုံမပေးထွက်ဘူး ၊ ပြေးမှာစိုးလို့။ စခန်းမှာ လူတစ်ရာရှိရင် (၉၉)ယောက်က ပြေးမယ့်လူတွေချည်းပဲ” လို့ ပြောပါတယ်။

ဖာပွန်ခရိုင်ထဲက သိမ်းဆည်းရမိတာနဲ့ စွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်စခန်းအများစုဟာ ထိုင်းနယ်စပ်ချင်းထိစပ်နေတဲ့ သံလွင်မြစ်တလျှောက် ဖာပွန်ခရိုင်အရှေ့ပိုင်းမှာဖြစ်တယ်လို့ KPSN ရဲ့ ထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာ ပါရှိပါတယ်။

လတ်တလော ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က နယ်မြေမကျွမ်းကျင်မှုကြောင့် ထိခိုက်ကျဆုံးမှုတွေ ပိုမိုများပြားလာခဲ့တယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောဆိုထားပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...