မွန်ပြည်နယ်မှာ လအတော်ကြာရပ်နားထားတဲ့ မြို့ဝင်ကြေးတွေ ပြန်လည် ကောက်ခံ

မွန်ပြည်နယ်မှာ လအတော်ကြာရပ်နားထားတဲ့ မြို့ဝင်ကြေးတွေ ပြန်လည် ကောက်ခံ

မွန်ပြည်နယ်မှာ ၆ လနီးပါးအကြာ ကောက်ခံမှု ရပ်နားထားတဲ့ မြို့ဝင်ကြေးတွေကို အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ပြန်လည် ကောက်ခံလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ဝင်ကြေးကောက်ခံနေတဲ့ဂိတ်တွေကို စစ်ကောင်စီက ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇွန်လလကုန်ပိုင်းကစပြီး ယာယီပိတ်သိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ စစ်ကောင်စီဟာ မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်ရှိ မြို့ဝင်ကြေး ကောက်ခံရေးဂိတ် ၁၇ ခု စလုံးကို ပြန်လည် ဖွင့်လှစ်ပြီး စတင်ကောက်ခံလာခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း မြို့ဝင်ကြေးဂိတ်ကောက်ခံရေးဂိတ်တွေကနေ နှစ်စဉ် အခွန်ငွေ ကျပ် ၂ ဘီလီယံနီးပါး ရှာပေးနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ဝင်ကြေးကောက်ခံရေးဂိတ် ၃ ခုထက်မနည်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီမြို့ဝင်ကြေးကောက်ခံရေးဂိတ်တွေကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တုန်းက မွန်ပြည်နယ် လွှတ်တော်မှာ ဖျက်သိမ်းပေးဖို့ အဆိုတင်သွင်းထားခဲ့တာ ဖြစ်ပြီး၊ မဲခွဲဆုံးဖြတ်ရာမှာတော့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...