စစ်တွေတွင် ဝါးမှ လက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်ပေးနေ

စစ်တွေတွင် ဝါးမှ လက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်ပေးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဝါးမှ လက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းတစ်ခုကို အခမဲ့ဖွင့်လှစ်ပေးနေကြောင်း သိရသည်။

အဆိုပါသင်တန်းကို စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက် အကွက် ၂ တွင်ရှိသော ပြည်နယ်စက်မှုလက်မှုဦးစီးဌာနရုံးတွင် သင်တန်းသားဦးရေ ၂၀ ဖြင့် ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ သင်ကြားပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းပေါ်ထွက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန်၊ မိသားစုဝင်ငွေတိုးတက်လာပြီး ဒေသဖွံံ့ဖြိုးရေးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်မီိမီသန်းက နိရဥ္စရာကိုပြောသည်။

“ရခိုင်မှာက စက်ရုံံအလုပ်ရုံတွေမရှိတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးတယ်။ ဒီလိုဖွင့်လိုက်တော့ ဒေသဖွံ့ဖြိုးရေးအတွက် တစ်ဘက်တစ်လှမ်းက အထောက်အကူပြုနိုင်မယ်ထင်တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှဝါးထွက်သောဒေသအချို့တွင် ဝါးကိုအကျိုးရှိရှိအသုံးမချတတ်ခြင်း၊ ဝါးပင်များမှ ထွက်သော မျှစ်များကိုချိုးခြင်း၊ ဝါးထရံများပြုလုပ်ခြင်း၊ ဝါးအိမ်များဆောက်လုပ်ခြင်း၊ ဝါးမှပြုလုပ်နိုင်သောနည်းပညာများကိုမသိခြင်းတို့ကြောင့် ယခုကဲ့သို့ နည်းပညာသင်တန်းများဖွင့်ခြင်းသည် အိမ်တွင်းစီးပွားရေးဖွံံ့ဖြိုးရေးကို တစ်နိုင်တစ်ပိုင်ဖြစ်စေရုံသာမက ဒေသအတွွက်ပါ ခေတ်စနစ်များဖွံ့ဖြိုးတိုးတက်မှုကိုပြသော ပြယုဂ်တစ်ခုဖြစ်စေသည်ဟု သင်တန်းတက်ရောက်နေသူ ရသေ့တောင်မြို့နယ်မှ ဦးမောင်သန်းညွန့်က ပြောသည်။

“ဒီသင်တန်းကို အရမ်းစိတ်ဝင်စားပါတယ်။ online ကနေ တစ်ဆင့်သိတော့ လာရောက်တက်ဖြစ်တာပါ။ သင်တန်းပြီးရင် သင်တန်းကရတဲ့ပညာတွေနဲ့ အကျိုးရှိရှိအသုံးချနိုင်အောင်ကြိုးစားမှာပါ။ ရခိုင်မှာ ဒီလိုသင်တန်းတွေလည်း သိပ်မရှိဘူးလေ”ဟု ပြောသည်။

အဆိုပါသင်တန်းတွင် ဝါးဖြင့် ဓာတ်ပုံဘောင်ပြုလုပ်နည်း၊ ဖုန်းတင်စင်ပြုလုပ်နည်း၊ Tissue Box ပြုလုပ်နည်း၊ မီးအိမ်ပြုလုပ်နည်း၊ ဘောပင်ထည့်ခြင်းပြုလုပ်နည်း၊ ဝါးပလိုင်းပြုလုပ်နည်း၊ ဗန်းပြုလုပ်နည်း၊ နာရီပြုလုပ်နည်း၊ အုပ်ဆောင်းနှင့် ပန်းအိုးအပါအဝင် ဝါးဖြင့်ပြုလုပ်နိုင်သည့် နည်းပညာ ၁၅ မျိုးကို သင်ကြားပို့ချသွားမည်ဟုလည်း သိရသည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...