အာဏာသိမ်းကာလအတွင်း NLD ပါတီဝင် (၅၇၃)ဦးထိန်းသိမ်းခံရပြီး (၁၃)ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်

အာဏာသိမ်းကာလအတွင်း NLD ပါတီဝင် (၅၇၃)ဦးထိန်းသိမ်းခံရပြီး (၁၃)ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်

စစ်တပ်က အာဏာသိမ်းထားသည့်ကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၅၇၃)ဦးဖမ်းဆီးခံရပြီး (၁၂၈)ဦး ပြန်လည်လွတ်မြောက်ကာ (၄၃၂)ဦး ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးကာလ၊ အကျဉ်းကျနေစဉ်ကာလနှင့် ပြန်လည်လွတ်မြောက်ပြီး မကြာမီကာလများတွင် ကျဆုံးကွယ်လွန်ခဲ့သူ (၁၃) ဦးရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ပါတီရုံးများကို ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်ခံရမှုပေါင်း (၇၅)ကြိမ်ထိရှိခဲ့သည်ဟုလည်း ဆိုပါတယ်။

NLD ပါတီဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝန်းရံသူ ပြည်သူများ၏ နေအိမ်နှင့် အဆောက်အဦးများကိုလည်း ဥပဒေမဲ့ဝင်ရောက်၍ ပစ္စည်းများသိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခဲ့ခြင်းများ ကျူးလွန်မှုရှိသည့်အပြင် တရားရုံးအမှုများကို အကြောင်းပြ၍ နေအိမ်များအားချိတ်ပိတ်ရာ ချိတ်ပိတ်ခံရသူပေါင်း (၅၇) ယောက်ရှိခဲ့ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...