မြစ်ကြီးနားတွင် မိုင်း နှစ်လုံး ကွဲ

မြစ်ကြီးနားတွင် မိုင်း နှစ်လုံး ကွဲ

မြစ်ကြီးနားမြို့တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၇ နာရီကျော်က မိုင်း နှစ်ကြိမ်ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။

အောင်နန်းရပ်ကွက်ရှိ မီးရထား ဓမ္မာရုံအနီးပေါက်ကွဲခဲ့သည့် မိုင်းများမှာ အသံမိုင်းသာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမရှိဘဲ ပေါက်ကွဲမှုဖြစ်ပွားရာ အနီးအနား ပတ်ဝန်းကျင်မှ လူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်။

"ပေါက်ကွဲသံက အရမ်းကျယ်ပြီးတော့ ယမ်းနံ့ ရနေတယ်။ ပေါက်ကွဲပြီး ချက်ခြင်းပဲ အရပ်ဝတ်နဲ့ သေနတ်ကိုင် ထားတဲ့ မီးရထားရဲတွေ ရောက်လာတယ်။ ခဏကြာတော့ စစ်ကားတစ်စီးနဲ့ စစ်သားတွေ ရောက်လာကြပြီး စစ်ဆေးနေကြတယ်" ဟု အောင်နန်းရပ်ကွက်က အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက်ကိုးနာရီအချိန်ခန့်လည်း မြစ်ကြီးနားမြို့ ဧရာရပ်ကွက်မှာရှိသည့် ပြည်နယ်တရား လွှတ်တော်ရုံးဝင်း အတွင်းမှာ အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့သေးသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွား လမ်းလာများကို စစ်ဆေးခဲ့သည်။

နိုဝင်ဘာလ ၁၆  ရက်နေ့ ညအချိန်တုန်းကလည်း မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့တွင် ဗုံးပေါက်ကွဲမှုနှင့် သေနတ် ပစ်ခတ်သံများထွက်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...
July 30, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု...
July 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့အနီး ဒေါငံခါးကျေးရွာဘက်တွင် စစ်တပ်က နယ်မြေထိန်းချုပ်ရန် အင်အား အလုံး...