တနင်္သာရီမှာ CDM ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

တနင်္သာရီမှာ CDM ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရ

တနင်္သာရီတိုင်း၊ ထားဝယ်နဲ့ မြိတ်မြို့တို့မှာ အခုရက်ပိုင်းအတွင်း CDM ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဆက်တိုက် ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ စစ်အာဏာဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ CDM ဝန်ထမ်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲ ပါဝင်တာ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ငွေကြေး ထောက်ပံ့တာ၊ ဆက်သွယ်တာ စတဲ့ စွပ်စွဲချက်တွေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရမှု အခြေအနေအရ မြိတ်မြို့မှာ နိုဝင်ဘာလအတွင်း ၅၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရတာ ဖြစ်ပြီး ထားဝယ်မြို့မှာတော့ ၄၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

" ဒီ ၁၁ (နိုဝင်ဘာ)လပိုင်းထဲမှာပဲ ကျွန်တော်တို့ဘက်က အင်အားတော်တော်များများ ပါသွားတယ်၊ ၅၀ ဦးလောက်ရှိပြီးပေါ့၊ အဖမ်းခံရတာတော့ သေချာတယ်၊ ဒီအဖမ်းခံရတဲ့သူတွေက မြိတ်မြို့ပေါ်မှာက တက်ကြွလှုပ်ရှားနေသူတွေပဲ ရွာတွေဘက်က မပါသေးဘူး။ NUG နဲ့ PDF တပ်ဖွဲ့တွေကို ဆက်သွယ်ထောက်ပံ့နေတယ်ဆိုပြီး ပုဒ်မအမျိုးမျိုးတပ်ပြီးဖမ်းတာပေါ့” လို့ မြိတ်ဒေသခံ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ ထားဝယ်သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာနက ကိုထူးမြတ်လွင် ၊ 7 day သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းတို့လည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့သူတွေကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားရလဲဆိုတာ မသိရသေးသလို ယနေ့အချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မကြသေးပါဘူး။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...