ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ရိုးရာကျင်ပြိုင်ပွဲထည့်သွင်းကျင်းပမည်

ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် ရိုးရာကျင်ပြိုင်ပွဲထည့်သွင်းကျင်းပမည်

လာမည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် ၄၇ ကြိမ်မြောက် ရခိုင်ပြည်နေ့အခမ်းအနား၌ ရိုးရာကျင်ပြိုင်ပွဲအပါအဝင် အခြားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဟု ပြည်နယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက နိရဥ္စရာကို ပြောသည်။

“ရခိုင်ပြည်နယ်နေ့ကို ကျင်းပမှာပါ။ ရိုးရာပွဲတော်တွေလည်း အများကြီးပါတယ်။ အစိုးရဘက်ကတစ်ခုထဲကျင်းပတာမဟုတ်လို့ ပြည်သူတွေနဲ့တူတူပါဝင်ဆင်နွဲကြမှာပါ”ဟု ပြောသည်။

ရခိုင်ပြည်နေ့အခမ်းအနားကို စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် ဒီဇင်ဘာလ ၁၅ ရက်၌ကျင်းပမည်ဖြစ်သည်။

ယင်းအခမ်းအနားတွင် တိုင်းရင်းသားရိုးရာအကများ၊ ရခိုင်ရိုးရာကျင်ကိုင်ပြိုင်ပွဲများ၊ ဂေါက်သီးရိုက်ပြိုင်ပွဲများ၊ မီနီ မာရသွန်ပြိုင်ပွဲများနှင့် အခြားအားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲများအနက် ရခိုင်ရိုးရာကျင်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ စစ်တွေမြို့ ပြည်လုံးချမ်းသာဘုရားကြီးရှေ့ရှိ ဝင်္ကာပါကွင်းတွင်ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ကျင်ပွဲကော်မတီအဖွဲ့ဝင်နှင့် ညှိနှိုင်းကာ ပါဝင်ယှဉ်ပြိုင်လိုသည့်ကျင်သန်များကို ဖိတ်ခေါ်နိုင်ရန်စီစဉ်နေပြီဟုလည်း သိရသည်။

ပေါက်တောမြို့နယ်၊ တောင်ညိုကျေးရွာမှ ကျင်ကွင်းလယ်ဒိုင် ဦးထွန်းလှဖြူကလည်း “ကျင်ပွဲတွေ မကျင်းပရတော့ ကျင်လောကကလူတွေ တခြားစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်သွားကြပြီ။ ကျင်ကိုင်တဲ့သူတွေလည်း သိပ်မရှိဘူး။ အခုကျင်ပွဲတွေပြန်လည်ပြိုင်ခွင့်ရတော့ ပျော်တယ်”ဟု ပြောသည်။

စစ်ရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများကို မကျင်းပရသည်မှာ (၂)နှစ်ရှိသွားခဲ့ပြီဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ခေတ်က ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ်သတ်မှတ်ခဲ့သော ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...