ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့

ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့

ရှားတောမြို့နယ် ပွန်ချောင်းအနီးမှာ စစ်ကောင်စီရဲ့ရှေ့တန်းတပ်စခန်းကို ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တို့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှာ လေးကြိမ်၊၂၆ ရက်နေ့မှာ တစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာ၃ရွာက ဒေသခံအိမ်ခြေ ၄၀၀ နီးပါး စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာလည်း ရှိပါတယ်။

“ အဓိကကတော့ ပါလောင်း ရှားတောဘက်သွားတဲ့လမ်းမှာ လမ်းမကြီးကို မလိုအပ်ပဲနဲ့ မသွားလာဖို့ တိုက်တွန်းချင်တယ်။ အခုက သူတို့ ထိုးစစ်လည်းလုပ်လာပြီဆိုတော့ ဘယ်အချိန်တိုက်ပွဲဖြစ်မလဲ။ ဆိုတာ ကျနော်တို့က မပြောနိုင်ဘူးပေါ့နော။ သတိ ဝိရိယနဲ့ သွားကြပါ။ တိုက်ပွဲသံကြားပြီဆိုတော့ လုံးဝမသွားကြဖို့ အဲ့လိုပဲ အသိပေးချင်တယ်ပေါ့နော။ “ လို့ ကရင်နီတပ်မတော်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၇ လကျော်အတွင်း နိုဝင်ဘာလ ၁၆ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၀၉ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ထုတ်ပြန်ပါတယ်။

Most read this week

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...