မတူပီမြို့ စစ်တပ်ရင်းတွင် အချင်းချင်းပစ်ခတ်၍ အရာရှိအပါ အဝင် ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

မတူပီမြို့ စစ်တပ်ရင်းတွင် အချင်းချင်းပစ်ခတ်၍ အရာရှိအပါ အဝင် ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မတူပီမြို့ရှိ ခလရ (၁၄၀) စစ်ကောင်စီ အထိုင်တပ်ရင်းတွင် အချင်းချင်း ပစ်ခတ်မှု ဖြစ်၍ သုံးပွင့် ဗိုလ်ကြီးတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်နှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၆ ရက် ည ၆ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဗိုလ်ကြီးတစ်ဦးနှင့် ၎င်း၏ လက်ထောက် ဖြစ်သူ ကိုယ်ရေးအရာရှိတို့ နှစ်ဦး သေဆုံးသွားကာ ထိခိုက် ဒဏ်ရာရရှိသူ သုံးဦး တပ်တွင်းဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

“တပ်ထဲက သူတို့ အချင်းချင်း စိတ်ဝမ်းကွဲပြီးတော့ အချင်းချင်း ပစ်ခတ်မှုတွေ ဖြစ်တယ်။ သုံးပွင့် ဗိုလ်ကြီး အရာရှိနဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိပေါ့။ နှစ်ယောက်က ပွဲချင်းပြီး သေတယ်။ သုံးယောက်ကတော့ အခု တပ်ဆေးရုံမှာ ဆေးကုနေရတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

မည်သည့်အတွက်ကြောင့် အချင်းချင်း ဖြစ်ပစ်ခတ်မှု ဖြစ်သည်ကိုမူ မသိရှိရကြောင်း ယင်း သတင်းရင်းမြစ်က ပြောသည်။ အာဏာသိမ်း စစ်ကောင်စီသည် တပ်တွင်း ပစ်ခတ်မှုများနှင့် ပတ်သက်၍ ထုတ်ပြန်လေ့ မရှိသကဲ့သို့ မဇ္ဈိမအနေဖြင့်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ ခလရ (၁၄၀) အထိုင် တပ်ရင်းနှင့် သုံးမိုင် ဝန်းကျင်ခန့်အကွာ ဖနိုင်နှင့် ခလိုင်ကျေးရွာ အကြားတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး တည်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက် နံနက် ၆ နာရီခန့်ကလည်း ထိုခရိုင်ထွေအုပ်ရုံးအတွင်း တပ်စွဲထားသော အင်အား ၂၀ ဝန်းကျင်ရှိသည့် အာဏာသိမ်း စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံးခြင်းနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...