ဆင်တက်မော်တွင် အမျိုးသမီးများဆန္ဒပြပြီးနောက် အရက်ဆိုင်အားလုံးနီးပါးပိတ်သိမ်း

ဆင်တက်မော်တွင် အမျိုးသမီးများဆန္ဒပြပြီးနောက် အရက်ဆိုင်အားလုံးနီးပါးပိတ်သိမ်း

ရခိုင်ပြည်နယ်၊ လေးတောင်မြို့ ၊ ဆင်တက်မော်ကျေးရွာပိုက်ဆိပ်တွင် အရက်ဆိုင်များပိတ်သိမ်းရန် အမျိုးသမီးများဆန္ဒပြပြီးနောက်တွင် ကျေးရွာတွင်းရှိ အရက်များအားလုံးနီးပါးကို ပိတ်သိမ်းထားလိုက်ပြီဖြစ်သဖြင့် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းလျက်ရှိကြောင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ဒေါ်မေကြီးက နိရဥ္စရာ သတင်းဌာသို့ပြောသည်။

“ဒီမှာအရက်ဆိုင်တွေပိတ်ဖို့အရေးကို ကျမတို့ကအစွမ်းကုန်ကြိုးစားပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတယ်။ အခုလိုမျိုး အရက်ဆိုင်တွေ ပိတ်လိုက်ကြတဲ့အတွက်လည်း မိန်းမတွေအတွက် အရမ်း အကျိုးသက်ရောက်တယ်။ အခုတော့ အရက်ဆိုင်တွေပိတ်လိုက်တော့ စီပွားဖြစ်တဲ့အပြင် စိတ်ချမ်းသာတဲ့ အကျိုးကျေးဇူးတွေ အများကြီးရပါတယ် ” ဟုပြောသည်။

ယခင် အရက်ဆိုင်များဖွင့်တုန်း ဖြစ်ပေါ်ခဲ့သော အခြေအနေများကိုလည်း သူမက ယခုလို ပြောဆိုသည်။

“ အရက်သောက်တဲ့သူများကြတော့ မိန်းမတွေက ဒုက္ခရောက်ကြတယ်။ အိမ်ကို ရောက်ရင် ကိုယ့်သားမယားကို ဓာတ်ဆီနဲ့မီးလောင်းကြတာတွေတောင် ရှိခဲ့တယ်။ အလုပ်လုပ်လို့ ပိုက်ဆံတွေရလာရင်လည်း အိမ်ကိုမရောက်ဘဲ အရက်ဆိုင်ကို ရောက်သွားကြတာတွေ ရှိခဲ့တယ်။”

ဆင်တက်မော်ကျေးရွာတွင် အိမ်ထောင်စုပေါင်း ၁၀၃ စု ရှိပြီး အရက်ဆိုင်ပေါင်း ၁ဝ ကျော်ခန့်ရှိကာ လက်ရှိအချိန်တွင် အရက်ဆိုင်အားလုံးနီးပါး ပိတ်သိမ်းထားကြောင်း သိရသည်။

အဆိုပါ ဆင်တက်မော်ကျေးရွာတွင် အရက်ဆိုင်များပိတ်သိမ်းရန် အမျိုးသမီးများက ဦးဆောင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းမှာ ကျေးရွာအတွင်း အရက်သောက်မူးယစ်ပြီး အမျိုးသမီးများအပေါ်တွင် နိုင်ထက်စီးနင်း ပြုလုပ်မှုများ ဖြစ်ပေါ်ခဲ့သည်သာမက အနှောင့်အယှက်ပေးမှုများ အများအပြားရှိခဲ့သည့် အတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သူမက ဆိုသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှု နောက်ပိုင်းတွင် ကျေးရွာအတွင်းရှိ လူပျို အပျိုအဖွဲ့မှ ဦးဆောင်ကာ အရက်ဆိုင်များပိတ်သိမ်းရန် ဂါမပညတ် စည်းကမ်းချက်များထုတ်ခဲ့ကြောင်း သိရသည်။

ကျေးရွာအတွင်းရှိ အမည်မဖော်လိုသူလုပ်ငန်းရှင်တစ်ဦးက “ကျနော်တို့ ကလည်း အရက်ကြိုက်တတ်တဲ့ ယောက်ျားတွေပါပဲ။ ဒါပေမဲ့ အရက်သောက်ပြီး ဒီလိုမျိုး အမျိုးသမီးတွေ အပေါ်အနှောင့်အယှက် လုပ်နေတာကို သဘောမကျဘူး။ ဒါကြောင့် ဒီလိုမျိုး အရက်ဆိုင်တွေ ပိတ်သိမ်းကြတာကို သဘောတူပါတယ်” ဟုပြောသည်။

လေးတောင်မြို့ရှိ ဆင်တက်မော်ကျေးရွာသည် ရခိုင်ပြည်နယ် မြို့နယ် အသီးသီးမှ ရွှေ့ပြောင်း အလုပ်သမားများ နေထိုင်သည့် ကျေးရွာ တစ်ရွာဖြစ်ပြီး အဓိက ရေလုပ်ငန်းကို လုပ်ကိုင်ကြသည်ဟု သိရသည်။

ရေလုပ်ငန်းကို လုပ်ကိုင်ရန် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသူများ အတည်တကျ နေထိုင်ရာမှ လက်ရှိတွင် ကျေးရွာတစ်ခု ဖြစ်လာဖြစ်ပြီး မကြာခဏ အရက်သောက်၍ လူသတ်မှု၊ ရမ်းကားမှုများ ဖြစ်လေ့ရှိကြောင်း ဒေသခံများကပြောသည်။

ယခုကဲ့သို့အရက်ဆိုင်များပိတ်သိမ်းရေးအတွက် ပြီးခဲ့သည့်အောက်တိုဘာလ ၃၀ ရက်က အမျိုးသမီးများဦးဆောင်ကာ ကျေးရွာအတွင်းလှည့်လည်ကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...