အမ်းလဝက မှတ်ပုံတင်လုပ်ပေးရာတွင် ကျောင်းသား/သူများအား ငွေတောင်းခံမှုများရှိနေဟုဆို

အမ်းလဝက မှတ်ပုံတင်လုပ်ပေးရာတွင် ကျောင်းသား/သူများအား ငွေတောင်းခံမှုများရှိနေဟုဆို

ရခိုင်ပြည်နယ် အမ်းမြို့ရှိ လဝကရုံးတွင် တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများအား မှတ်ပုံတင်လုပ်ပေးရာ၌ ငွေတောင်းခံမှုများရှိနေသည်ဟု ကာယကံရှင်များက ပြောသည်။

အမည်မဖော်လိုသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် အမ်းမြို့ ကျောက်မြောင်းအထကမှ ကျောင်းသူ၊ ကျောင်းသားများသည် မြို့နယ်လဝကရုံးသို့ မှတ်ပုံတင်သွားလုပ်ရာ၌ ငွေ ၅ ထောင်ကျပ်စီပေးခဲ့ရသည်ဟု နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“ပိုက်ဆံ ငါးထောင်ပေးခဲ့ရတယ်။ သူငယ်ချင်းတွေမှာလည်းပေးခဲ့ရတယ်။ သူတို့က မှတ်ပုံတင်တစ်ခုလုပ်ရင် ငါးထောင်စျေးလို့ပြောတယ်။ အဲတော့ ငါးထောင်ပေးခဲ့ရတယ်။ သူငယ်ချင်းတွေအကုန်လုံးဆီကလည်း ပေးခဲ့ရတယ်” ဟုပြောသည်။

နောက်ထပ်ကျောင်းသူအချို့ကလည်း ယခုကိစ္စသည် ဟုတ်မှန်သည်ဟု ပြောကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းလဝကရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းကိုဆက်သွယ်ရာ ယခုကိစ္စကို အောက်ခြေအထိစုံစမ်းပြီး ငွေပေးခဲ့ရသည့်ကျောင်းသား/သူများ လိုအပ်သည်အထိ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော့်ဆီက အောက်ကဝန်ထမ်းတွေမှားရင်လည်း ကျနော်ပြန်ပြီးတော့ခေါ်ယူပြီးတော့ ကျနော်တို့ ဆွေးနွေးပါမယ်။ လိုအပ်တာ ဆုံးမပါမယ်။ ပြည်သူလူထုမကျေနပ်ရင်လည်း ပြည်သူလူထုကျေနပ်အောင် ကျနော်ပြန်ပြီးတော့ ရှင်းလင်းပြောကြားပေးပါမယ်။ လိုအပ်တာ ဆောင်ရွက်ပေးပါမယ် ခင်ဗျ။ ဒီက ဆင်းရဲတဲ့ဒေသပါ။ ဘာမှမရှိပါဘူး။ အောက်ခြေဝန်ထမ်းတွေအားလုံးကို မေးမြန်းပြီးတော့ စိစစ်ပါမယ်ခင်ဗျ” ဟုပြောသည်။

လဝကရုံးတွင် မှတ်ပုံတင်အခမဲ့လုပ်၍ရသည်ဟု ဗီနိုင်းဆိုင်းဘိုးများဖြင့်ကြေညာထားသော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် ငွေတောင်းခံမှုများရှိသည့်အတွက် ယင်းစနစ်ကို ပပျောက်စေချင်ကြောင်း အမ်းမြို့ခံ ကိုမျိုးလွင်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

“မှတ်ပုံတင်လုပ်ဖို့ သွားစရိတ် လာစရိတ်တောင်မလွယ်ကူး။ အဲဒါတောင်မှ သက်ဆိုင်ရာတွေရဲ့ ထောက်ခံချက်တွေအတွက်လည်း ပိုက်ဆံပေးကြရတယ်လေ။ ရုံးကိုရောက်ရင်လည်း မှတ်ပုံတင်လုပ်ခပေးနေရတဲ့အချိန်ခါမှာတော့ ဒီစနစ်တွေက ပျောက်ဖို့လိုအပ်တယ်လေ”ဟုပြောသည်။

အမ်းလဝကရုံးတွင် ကျောင်းသား/သူများသာမက မှတ်ပုံတင်လုပ်သည့် ပြည်သူများထံမှလည်း ငွေကောက်ခံမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...