စစ်အုပ်စုထောက်ခံသူတွေကို တစ်အိမ်တစ်ယောက်နှုန်း စာရင်းပေးဖို့ စစ်ကောင်စီဖိအားပေး

စစ်အုပ်စုထောက်ခံသူတွေကို တစ်အိမ်တစ်ယောက်နှုန်း စာရင်းပေးဖို့ စစ်ကောင်စီဖိအားပေး

ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ဖို့အတွက် မွန်ပြည်နယ်က စစ်အုပ်စုထောက်ခံတဲ့ မိသားစုတွေ တစ်အိမ်တစ်ယောက်နှုန်း စာရင်းပေးဖို့ အတင်းအကြပ် ဖိအားပေးလာတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအဝင် ဒေသခံ PDF တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေကို ပို့ဆောင်ဖို့အတွက် ပျူစောထီး၊ ပြည်သူ့စစ်နဲ့ စစ်အုပ်စုထောက်ခံသူတွေ အမည်စာရင်းကို နှစ်ပတ်အတွင်း ပြန်လည်တင်ပြဖို့ နိုဝင်ဘာ ဒုတိယအပတ်မှာ ညွှန်ကြားထားတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိ ရှေ့တန်းထွက်ဖို့ စာရင်ပေးသူ ၁၀ ဦးလောက်သာ ရှိနေတဲ့အတွက်ကြောင့် စစ်ကောင်စီက စစ်အုပ်စုထောက်ခံတဲ့ မိသားစုတွေအနေနဲ့ တစ်အိမ်တစ်ယောက်နှုန်း အမည်စာရင်းပေးကြဖို့ အတင်းအကြပ် ဖိအားပေးလာတယ်လို့ စစ်တပ်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

" အခုက ရှေ့တန်းထွက်ဖို့က စာရင်းပေးတဲ့သူက ၁၀ ယောက်လောက်ပဲရှိတော့၊ သိရသလောက်က ကျွန်တော်တို့လို စစ်မှုထမ်းဟောင်းမိသားစုဝင်တွေကို အဓိက စာရင်းပေးဖို့ တောင်းနေတာ။ အိမ်ထောင်စု တစ်စုမှာဆိုရင် လူတစ်ယောက်မဖြစ်မနေ စာရင်းပေးဖို့ အတင်းအကြပ် လာတောင်းနေတယ်” လို့ စစ်မှုထောင်းဟောင်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက တစ်အိမ်တစ်ယောက်နှုန်း အမည်စာရင်းပေးဖို့ ညွှန်ကြားထားသူတွေထဲမှာတော့ စစ်တပ်ရဲ့ လစာ၊ပင်စင်နဲ့ တခြားထောက်ပံ့စရိတ်တွေ ခံစားနေရတဲ့ မိသားစုဝင်တွေကို အဓိက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း လစာ ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး တိုက်ပွဲက ပြန်လာတဲ့သူတွေကို ခြံကွက်တွေ၊ နေအိမ်တိုက်ခန်းတွေ ချီးမြှင့်ပေးသွားမယ်လို့ စည်းရုံးနေတာပါ။

ဒါပေမယ့် စစ်ကောင်စီတပ်တွေဟာ ရှေ့တန်းမှာ အကျအဆုံးများနေတဲ့အတွက်ကြောင့် စစ်အုပ်စုထောက်ခံတဲ့ မိသားစုတွေရဲ့ အမည်စာရင်းပေးသွင်းမှု မရှိသလောက် နည်းပါးနေတာ ဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...