မြန်မာနိုင်ငံလူငယ်ရေးရာ တွဲဖက်အတွင်းရေးမှူးဟောင်းနေအိမ် ချိတ်ပိတ်ခံရ

မြန်မာနိုင်ငံလူငယ်ရေးရာ တွဲဖက်အတွင်းရေးမှူးဟောင်းနေအိမ် ချိတ်ပိတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူ ကျေးရွာအုပ်စု၊ ဝံတွင်းရွာနေ မြန်မာနိုင်ငံလူငယ်ရေးရာ တွဲဖက်အတွင်းရေးမှူးဟောင်း ကိုဟိန်းထက် နေအိမ်ကို နိုဝင်ဘာလ၂၃ ရက်နေ့က စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။

"လူမနေတဲ့ ကိုဟိန်းထက်ရဲနေအိမ်ကို စကစ အဖွဲ့တွေ လာပြီး ချိတ်ပိတ်သွားတယ်လို့တော့ သိရတယ်။ ဘာကြောင့် လာပိတ်တယ်ဆိုတာတော့မသိဘူး။ ကိုဟိန်းထက်တို့က နေအိမ်မှာ မနေတာကြာပြီး။ ၄ လလောက်တောင်ရှိတော့မယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဆိုပါနေ့ ညနေ ၅ နာရီကျော်မှာ လူမနေတဲ့ ကိုဟိန်းထက်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေရောက်ရှိလာပြီး နေအိမ်ချိတ်ပိတ်ကြောင်း ဗွီနိုင်းကို လာကပ်သွားခဲ့တာ ဖြစ်ပါတယ်။

ကိုဟိန်းထက်ဟာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ ပါဝင်ခဲ့ပြီးနောက် မိသားစုလိုက် တိမ်းရှောင်နေခဲ့ရတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကျောင်ဆင်ကျေးရွာရှိ လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးနေအိမ်နဲ့မင်းရပ်ကျေးရွာရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်ဆန်းနေအိမ်တွေကိုလည်း စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းခဲ့ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...