ပေါင်မြို့နယ် စာသင်ကျောင်း ၂ခုရှေ့ ဗုံးနှစ်လုံးပေါက်

ပေါင်မြို့နယ် စာသင်ကျောင်း ၂ခုရှေ့ ဗုံးနှစ်လုံးပေါက်

ပေါင်မြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်းရှေ့နှစ်ခုမှာ ဒီကနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

အထကရင်းငြိမ်ကျောင်းရှေ့နဲ့ အမက ကုလာချောင်းကျောင်းရှေ့တို့မှာ နံနက် ၇ နာရီကျော်ခန့်က ရှေ့ဆင့်နောက်ဆင့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" မနက်က ၇ နာရီကျော်လောက်က ဗုံးပေါက်တာပါ၊ အထက ရင်းငြိမ်ကျောင်းရှေ့မှာ အရင်ပေါက်ကွဲတာ၊ ပြီးတော့ အမက ကုလားချောင်ကျောင်းရှေ့မှာ ပေါက်ကွဲတယ်၊ ရှေ့ဆင့်နောက်ဆင့်ပါပဲ။ ဘာမှထိခိုက်ပျက်စီးမှု ရှိတာတော့ မတွေ့ရဘူး၊ ဘယ်သူလုပ်လဲဆိုတာလဲ မသိရသေးဘူး၊ ဗုံးပေါက်ပြီးတော့ တချို့ကျောင်းသားမိဘတွေက ကျောင်းပေးသွားမတက်ခိုင်းတဲ့သူတွေရှိနေတယ်" လိို့ ဆိုပါတယ်။

အဆိုပါ ဖောက်ကွဲမှုဟာ မွန် - သထုံ အထူးကာကွယ်ရေး တပ်ဖွဲ့ mthsf မှ ထိခိုက်မှု တစုံတရာမရှိအောင် တော်လှန်ရေးရဲဘော် အမျိုးသမီးအဖွဲ့ဝင်တွေက ဦးဆောင်ကာ အသေးစား ဖောက်ခွဲခဲ့ခြင်းဖြစ်တယ်လို့ MTHSF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရင်းငြိမ်ကျေးရွာ အနီးတဝိုက်ရှိ စစ်ကောင်စီအား သတင်းပေးသူတွေ၊ စစ်ကောင်စီ၏ထောက်တိုင်သဖွယ် ပံ့ပိုးကူညီသူတွေ မိမိတို့၏ လုပ်ရပ်များကို ရပ်တန့်စေရန် ရည်ရွယ်ချက်ဖြင့် သတိပေးဖောက်ခွဲတာ ဖြစ်တယ်လို့ MTHSF ကဆိုပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...