ဘားအံမှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စတင်ဖမ်းဆီးနေ

ဘားအံမှာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စတင်ဖမ်းဆီးနေ

ကရင်ပြည်နယ် ဘားအံမြို့မှာ နိုဝင်ဘာလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီက လိုင်စင်မဲ့မော်တော်ယာဉ်တွေကို စတင်ဖမ်းဆီးအရေးယူနေပြီး ဖြစ်ပါတယ်။

လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ဖမ်းဆီးအရေးယူသွားမယ့် ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဖြစ်သူက ဘားအံမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်ဆက်ဆံရေးရုံး တာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးသွားမယ့်ကိစ္စမှာ ပထမအဆင့်အနေနဲ့ သံလွင်တံတား၊ ဇာသပြင်တံတွေမှာ ဖမ်းဆီးသွားမှာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ ဘားအံမြို့တွင်းမှာ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးသွားမှာ ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလာတယ်လို့ ဘားအံမြို့ ဒီကေဘီအေဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစိုးမိုးက ပြောပါတယ်။

“ လိုင်စင်မဲ့ မော်တော်ယာဥ်တွေနဲ့ ပတ်သက်ပြီး တင်းကျပ်တော့မယ်ပေါ့ ။ မြို့တွင်းမှာပဲ ဖြစ်ဖြစ် မြို့ပြင်မှာပဲဖြစ်ဖြစ် ဖမ်းဆီးအရေးယူတော့မယ်ပေါ့ ။ ဘယ်အဖွဲ့အစည်းကိုမှလဲ နားမလည်ပေးဘူးပေါ့” လို့ ဆိုပါတယ်။

အရင်က လက်နက်ကိုင်အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုတော့ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ပြီး ဖမ်းဆီးမှုတွေ မရှိခဲ့ပါဘူး။

အခုအခါမှာတော့ အဖွဲ့အစည်းလက်မှတ်ပါတဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကိုလည်း ဖမ်းဆီးသွားမယ့်အကြောင်း စစ်ကောင်စီက ပြောဆိုလာတာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ ဒီအခြေအနေကို ဗဟိုအဆင့်ကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဘားအံမြို့က သံလွင်တံတားနဲ့ ဇာသပြင်တံတားတွေဘက်မှာ နိုဝင်ဘာ ၂၂ ရက်နေ့က စတင်ပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးစစ်ဆေးနေပြီး ဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...