ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဖြစ်မြောက်ရေးကော်မတီ ထပ်မံဖွဲ့စည်း

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဖြစ်မြောက်ရေးကော်မတီ ထပ်မံဖွဲ့စည်း

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် အဖွဲ့ဖြစ်မြောက်ရေးကော်မတီကိုသစ်ကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင် ၅ ဦးဖြင့် နိုဝင်ဘာလ ၁၇ ရက်က စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေးလမ်းရှိ ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရုံးဟောင်းတွင် ထပ်မံဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဖွဲ့စည်းပြီးနောက် ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ ဖွဲ့စည်းပုံကိုရေးဆွဲကာ အဖွဲ့ဖြစ်မြောက်ရေးကြိုးပမ်းသွားမည်ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးမြတ်ထွန်းက နိရဥ္စရာကိုပြောသည်။

"အဓိက ရခိုင်နိုင်ငံရေးနဲ့ပတ်သက်လို့ ရခိုင်တို့ရဲ့အဓိကရည်မှန်းချက်ကဘာလဲ။ ဘယ်ကိုဦးတည်ပြီး သွားနေလဲဆိုပြီး တချို့ကဦးတည်ချက်မရှိကြဘူး။ တချို့ကျတော့ သပ်သပ်အခွင့်ရေးလိုချင်တဲ့ လူတွေလည်းရှိတယ်။ ဒါကြောင့် ဦးတည်ချက်လမ်းကြောင်းတခုခုကို ရပ်တည်ဖို့အတွက် အကြံဉာဏ်ပေးဖို့ လမ်းပြကြယ်တစ်ပွင့် ဖြစ်နိုင်အောင်လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်ဖွဲ့ရတာဖြစ်တယ်"ဟု ပြောသည်။

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် စစ်တွေရှိ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်း၌ အဖွဲ့ဝင် ၁၃ ဦးဖြင့်စတင်ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပြီး ၅ နှစ်ခန့်အကြာတွင် အတွင်းရေးမှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၅)ဦး သေဆုံးသွားကြ၍ အဖွဲ့၏လုပ်ဆောင်ချက်များကို မလုပ်နိုင်ဖြစ်နေသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်မှစတင်ကာ အဆိုပါအဖွဲဲ့ကို ဖျက်သိမ်းခဲ့သည်။

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...