ကံပေါက်ဒေသမှာ ဗုံးတွေပေါက်ပြီး စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရ

ကံပေါက်ဒေသမှာ ဗုံးတွေပေါက်ပြီး စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူ မြို့နယ်၊ ကံပေါက်ဒေသမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ညက ဗုံးတွေပေါက်ပြီး စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

မနေ့ ည ၉ နာရီကျော်ခန့်မှာ ကံပေါက်ရှိ စရဖရုံး၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ ကံပေါက်နယ်မြေရဲစခန်းတို့ ဗုံးခွဲခံရပြီး ထိခိုက်ပျက်စီးမှု အခြေနေကိုတော့မသိရသေးပါဘူး။

"ကံပေါက်မှာဘဲ ညက ဗုံးဆက်တိုက်ကွဲတယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှု အခြေနေကို မသိရသေးဘူး။ ပြီးတော့ ဖားချောင်းက စကစ သတင်းပေး တစ်ဦး ပစ်သတ်ခံရတယ်။ ညက လာတဲ့ အဖွဲ့က ဘယ်သူတွေလဲတော့မသိဘူး။ သူတို့က ပျူ စောထီးတွေနဲ့ဒလန်တွေကို ရှင်းဖို့လာတာနဲ့တူတယ်။ ဦးကျော်ဦးကို ပစ်သတ်ပြီး နောက် ပျူ စောထီးတွေကို လိုက်ရှာပစ်ခတ်သေးတယ်လို့ သိရတယ်။ ပျူ စောထီးတွေကျ အပြေးကောင်းလို့ လွတ်သွားတယ်လို့ သိရတယ် ''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဆိုပါည ၁၂ ကျော်ခန့်မှာ ဖားချောင်းကျေးရွာနေ စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးနေသူ တစ်ဦးပစ်သတ်ခံရပြီး နေအိမ်မီးလောင်သွားတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရသူမှာ ဦးကျော်ဦး အသက် ၅၀ နှစ်ဝန်းကျင်ရှိသူဖြစ်ပြီး ကျေးရွာအတွင်းမှာ စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေသူဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်ဦးဟာ နေအိမ်မှာရှိနေစဉ် အမည်မသိ လူတစ်စုက ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးကျော်ဦးမှာ သေဆုံးသွားခဲ့ပြီး နေအိမ်လဲ မီးရှို့ခံရတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...