တောင်ပျောက်တိုက်နယ်ထဲက စစ်ဘေးရှောင်နေသူတွေမှာ ရာသီတုပ်ကွေးဖြစ်ပွားနေကြပြီး ဆေးကုဖို့ ခက်ခဲနေ

တောင်ပျောက်တိုက်နယ်ထဲက စစ်ဘေးရှောင်နေသူတွေမှာ ရာသီတုပ်ကွေးဖြစ်ပွားနေကြပြီး ဆေးကုဖို့ ခက်ခဲနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲက စစ်ဘေးရှောင်နေသူတွေမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေကြပြီး ဆေးကုသမှုခံယူဖို့ အခက်ခဲတွေဖြစ်နေကြတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ဒေသခံ PDF အဖွဲ့တွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် တောက်ပျောက်တိုက်နယ်ထဲက ကျေးရွာ ၉ ရွာက ဒေသခံတွေက စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

ယခုအခါမှာ ရာသီအကူးအပြောင်းကြောင့် စစ်ဘေးရှောင်တွေမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေကြပြီး စစ်ကောင်စီဘက်က လမ်းတွေပို ပိတ်ဆို့ထားတာကြောင့် ဆေးကုသမှု ခံယူဖို့ အခက်ခဲတွေဖြစ်နေကြတာဖြစ်ပါတယ်။

"ခုက သဲချောင်းကြီးကလွဲရင် ကျန်ရွာတွေ အကုန်လုံးက စစ်ဘေးရှောင်နေရသလိုဖြစ်နေတယ်။ သဲချောင်းကြီးမှာ တောင်မှ သူတို့ကို ထောက်ခံသူလောက်ဘဲ ကျန်တာ။ အခြေနေကြည့်ပြီး အိမ်ပြန်လိုက် ပြန်ပြေးလိုက်ဖြစ်နေတာ။ စစ်ကားတွေ ဝင်လာရင် ပြန်ပြေးရပြန်ကော။ ခုက ရာသီဥတုက မကောင်းတော့ တုပ်ကွေးက ဖြစ်နေကြတယ်။ ရာသီတုပ်ကွေးဖြစ်နေသူတွေက ဆရာဝန်တွေနဲ့ပြပြီး ကုသမှုမရနိုင်ကြဘူး။ စကစ ဘက်က သွားလမ်းလာလမ်းတွေကို ပိတ်ထားတော့ သွားလာဖို့ အဆင်မပြေဘူး။''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ဘေးရှောင်နေသူတွေမှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလတုန်းကလည်း ကိုဗစ်ရောဂါဖြစ်ပွားသူတွေရှိခဲ့ပြီး အသက်သေဆုံးသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးမီးဖွားရင်း အခြေနေမကောင်းလို့ ဆေးဝါးကုခွင့်မရဘဲ သေဆုံးခဲ့သူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်သူတွေအတွက် ကူညီပေးလိုသူများကလည်း စစ်ကောင်စီဘက်က လမ်းတွေကို ပိတ်ထားတာတေကြာင့် သွားရောက်ကူညီဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားနေတာကြောင့် တောင်ပျောက်တိုက်နယ်ထဲက ရေဗျက်၊ မယ်ကဲ၊ ကျောက်အိုင်၊ ဝင်းကဖော်၊ ကျွဲခြံ၊ အလယ်စု၊ ရေပူ၊ ဗျက်ဝိသားကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်က စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...