မီးဘေးသင့် ထန်တလန်အတွက် ရခိုင်မှ ကျပ်သိန်း ၄ဝ ကျော်လှူဒါန်း

မီးဘေးသင့် ထန်တလန်အတွက် ရခိုင်မှ ကျပ်သိန်း ၄ဝ ကျော်လှူဒါန်း

မီးဘေးသင့်ခံခဲ့ရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့သူမြို့သားများအတွက် ငွေကျပ်သိန်း ၄၀ ကို လှူဒါန်းလိုက်ကြောင်း ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ သိရသည်။

အဆိုပါလှူဒါန်းငွေများကို နိုဝင်ဘာလ ၁၇ ရက်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ မီးဘေးသင့်ပြည်သူများအတွက် အဓိကထားကူညီပေးနေသည့် ခေါင်းဆောင်များထံသို့ လွှဲပြောင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း

ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင်ပါဝင်သည့် ကိုသန်းလှ(ခေါ်)ကိုမင်းဘာချေက နိရဥ္စရာသို့ပြောသည်။

"အခုချင်းပြည်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေက ကျနော်တို့ရခိုင်ပြည်နယ်မှာလည်း အများကြီးဖြစ်ခဲ့ပြီးပြီ။

အဲဒီမှာဖြစ်နေတာတွေကို ကျနော်တို့ကိုယ်ချင်းစာတယ်။ အခုကျနော်တို့လှူလိုက်တာက ငွေကြေးမဟုတ်ဘူး။ ရခိုင်ပြည်သူတွေရဲ့ မေတ္တာတရားတွေကို ပေါင်းစပ်ပြီးပံ့ပိုးတယ်၊ မေတ္တာမျှဝေတဲ့ သဘောပါပဲ"ဟု ပြောသည်။

အဆိုပါလှူဒါန်းငွေများမှာ ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းများက ဦးဆောင်ကောက်ခံထားသည့် ရခိုင်ပြည်သူပြည်သားများ၏ထည့်ဝင်လှူဒါန်းငွေများဖြစ်သည်ဟုလည်း သိရသည်။

အဆိုပါအလှူငွေကောက်ခံခြင်းများကို စစ်တွေမြို့တွင် အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ကာ လူသွား၊ လူလာများသည့် လမ်းမများပေါ်တွင် အရပ်ဖက်အဖွဲ့အစည်းများက ပြုလုပ်ခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် ထန်တလန်မီးဘေးသင့်ပြည်သူများအတွက် အလှူငွေကောက်ခံခြင်းများကို ရဲတပ်ဖွဲ့က ခေါ်ယူသတိပေးတားမြစ်ခဲ့ခြင်းကြောင့် အလှူငွေကောက်ခံခြင်းများကို ရပ်နားထားခဲ့ရသည်။

နိုဝင်ဘာ ၁ ရက်အထိစာရင်းအရ ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ Church On The Rock ဘုရားကျောင်း၊ Presbyterian Church ဘုရားကျောင်း စသည့် ဘုရားကျောင်း ၂ ကျောင်းနှင့် ထန်တလန်မြို့တွင် အကြီးဆုံးနှစ်ခြင်းအသင်းတော်ရုံးချုပ်အပါအဝင် လူနေအိမ် ၁၆၃ လုံး မီးရှို့ခံခဲ့ရသည်ဟု သတင်းများတွင်ဖော်ပြထားချက်အရ သိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...