KNU တပ်မဟာ(၃) နယ်မြေမှာ ရာသီတုပ်ကွေး အစုလိုက်အပြုံလိုက် ဖြစ်ပေါ်နေလို့ ဆေးဝါးကုသမှု လိုအပ်နေ

KNU တပ်မဟာ(၃) နယ်မြေမှာ ရာသီတုပ်ကွေး အစုလိုက်အပြုံလိုက် ဖြစ်ပေါ်နေလို့ ဆေးဝါးကုသမှု လိုအပ်နေ

ကေအဲန်ယူ တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းက ဒေသခံပြည်သူတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ ရာသီအကူးအပြောင်းကာလမှာ နေထိုင်မကောင်းတာနဲ့ ဖျားနာတာတွေ အစုလိုက် အပြုံလိုက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီဒေသမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့အတွက်ကြောင့် ဒေသခံတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ အခုက ရာသီတုပ်ကွေး အရင်က ကိုဗစ်ကာလမှာ လူကြီးတွေ အားအင်ချိနဲ့တာ အဲ့လိုအဓိကရောဂါတွေ။ နောက် ရေပေါ့။ ရေက သုံးဖို့ပဲ အဆင်ပြေတယ် သောက်လို့မပြေ။ နွေပိုင်းဆို ရေက ပိုဆိုးတာပေါ့။ လမ်းပန်းဆက်သွယ်ရေးအတွက်လည်း အခက်အခဲရှိတယ်။ တကယ်အရေးပေါ်လူနာပေါ်လာရင် မြို့ပေါ်သွားဖို့ ခက်ခဲတယ်။ ကျန်းမာရေးလုပ်သားတွေ လုံးဝမရှိဘူး ။ သူတို့အတွက် ကျန်းမာရေးနဲ့ ပတ်သက်လာရင် နေမကောင်းဘူး အဲ့လိုပဲ ဗိန္ဓောဆေးနဲ့ပဲပြီးသွားတယ်။ သူတို့မှာ လိုအပ်ချက်မှာ အများကြီးရှိတယ်။ အဓိကလိုအပ်ချက်က ရေတစ်ခု တုံကင်။ အိမ်ခြေ ၄၀ ကျော်ရှိပေမယ့် ၃ ခုလောက်ပဲ ရေထွက်တယ်။ သောက်ဖို့အတွက်သုံးမယ့်နေရာမှာ အဆင်မပြေဘူး" လို့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တဖက်မှာတော့ နိုင်ငံရေးမတည်ငြိမ်တာနဲ့ ကိုဗစ်ကပ်ရောဂါဘေးတွေကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာနဲ့အတူ ဆေးဝါးတွေဈေးတက်လာတာကြောင့် အခြေခံလူတန်းစားတွေအတွက် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံတွေဟာ ကျန်းမာရေးအသိပညာအားနည်းတာ၊ ကျန်းမာရေးလုပ်သားမရှိတာ၊ ရေကောင်းရေသန့် မရရှိတာနဲ့ မြို့နဲ့ အလှမ်းဝေးတဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကိုလည်း ရင်ဆိုင်နေကြရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...