အခြေခံလူတန်းစားများ၏ ပညာရေးကို ထည့်သွင်းစဉ်းစားပေးရန် NUG ကိုတိုက်တွန်း

အခြေခံလူတန်းစားများ၏ ပညာရေးကို ထည့်သွင်းစဉ်းစားပေးရန် NUG ကိုတိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံလူတန်းစားများ၏ ပညာရေးကို ထည့်သွင်းစဉ်းစားပေးရန် မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂမှ တိုက်တွန်းလိုက်ပါတယ်။

NUG ပညာရေးဝန်ကြီးဌာနမှ စီစဉ်နေသည့် အွန်လိုင်းသင်ကြားမှုမှာ အခြခံလူတန်းစားများအတွက် အခက်အခဲများဖြစ်နေပြီး မိုလ်ဘိုင်းဖုန်းကိုယ်ပိုင်မရှိသူများခြင်း၊ နည်းပညာသိမှုအားနည်းခြင်းတို့ကြောင့် ထိရောက်မှုမရှိနေဟု အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဆိုပါတယ်။

ထို့အပြင် ကြားကာလပညာရေးအစီအစဉ်တွင် သင်ရိုးဟောင်းကို အသုံးပြုခြင်းထက် အင်္ဂလိပ်ဘာသာနှင့် သင်္ချာ(၂)မျိုးကို ပိုပြီး ထိထိရောက်ရောက်သင်ကြားပေးရန်အတွက်လည်း အဆိုပြုထားပါတယ်။

မွန်ပြည်နယ်ထဲက အခြေခံပညာကျောင်းသားများသမဂ္ဂအနေနဲ့ ကြားကာလပညာရေးအစီအစဉ်တွင် အင်တာနက်မလို အခမဲ့အသုံးပြုနိုင်သည့် အက်ပလီကေးရှင်းများ ဖန်တီးပေးရန်၊ လုံခြုံစိတ်ချမှုရှိသောနေရာများတွင် ကျေးရွာအခြေပြုကြားကာလပြညာရေးကို ဖော်ဆောင်ပြီးရောက်နှင့် သင်ကြားမှုတွင် ကျောင်းသားများနှင့် မိဘများ ပိုမိုအာရုံစိုက်နိုင်သည့် နည်းလမ်းများအသုံးပြုရန်လည်း တိုက်တွန်းထားပါတယ်။

မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့ရှိ အခြေခံပညာကျောင်းများစုပေါင်းပြီး မြို့နယ်အခြေပြုအခြေခံပညာကျောင်းသားသမဂ္ဂများကို ဖွဲ့ထားတာလည်းဖြစ်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...