KNLA နဲ့ BGF တပ်ဖွဲ့ တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ် BGF ကား ၃ စီးပျက်စီး

KNLA နဲ့ BGF တပ်ဖွဲ့ တစ်ရက်အတွင်း တိုက်ပွဲ (၂) ကြိမ်ဖြစ် BGF ကား ၃ စီးပျက်စီး

ကရင်ပြည်နယ်၊ ကေအဲန်ယူ- သထုံခရိုင်၊ ဘားအံမြို့နယ်အတွင်း နိုဝင်ဘာလ ၁၇ ရက်နေ့မှာ KNLA တပ်နှင့် BGF တပ်တို့ (၁)ရက်အတွင်း တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး BGF ဘက်မှ ကား ၃ စီးပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကျော်ပစ်ခီးနဲ့ဘောသဗြု ကျေးရွာအနီးမှာ နံနက်ပိုင်းက တစ်ကြိမ်၊ ညနေ (၂)နာရီဝန်းကျင်ခန့်တွင် ဖလံတောင်ကျေးရွာအနီးမှာ တစ်ကြိမ် KNLA မှ သွားရောက်ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။

"ဒီနေ့ တိုက်ပွဲ ၂ ကြိမ်ဖြစ်တယ်။ သူတို့ဘက်က ကား ၃ စီးပျက်စီးတယ်။ လူထိခိုက်သေဆုံးမှုရှိတယ်လို့ သိရပေမယ့် အတိအကျ စာရင်းမရဘူး''လို့ KNLA တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

KNLA တပ်မဟာ(၁)နယ်မြေထဲကို BGF ဘက်မှ နယ်မြေကျူးကျော်ဝင်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတာကြောင့် သွားရောက်တိုက်ခိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ (၁၆)ရက်နေ့ ညနေပိုင်းကလည်း BGF တပ်ဖွဲ့တွေက ကေအဲန်ယူ-ဘားအံမြို့နယ်၊ ဟတ္တလိုက်ကျေးနယ်အုပ်စု၊ ဖလံတောင်ကျေးရွာရှိ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ဝင်ရောက်စီးနင်းကာ ဆေးရုံမှ ဆေးဝါးပစ္စည်းများနှင့် လူနာအသုံးအဆောင် ပစ္စည်းများကို အဓမ္မသိမ်းယူခဲ့ပြီး ဆေးရုံအတွင်း တပ်စွဲထားတယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် ဆေးရုံပြတင်းပေါက်နှင့် မှန်တံခါးတွေကို ရိုက်ခွဲဖျက်ဆီးခဲ့ပြီး ဆေးရုံရှိ ဆိုင်ကယ်တစ်စီးကိုလည်း ဖျက်ဆီးခဲ့ပြီးနောက် BGF တပ်ဖွဲ့ဝင်များက ဆေးရုံအတွင်းကို မည်သူ့ကိုမှ ဝင်ရောက်ခွင့်မပေးပဲ ရွာသူရွာသားများ ဝင်ရောက်လာပါက ပစ်ခတ်မည်ဟုခြိမ်းခြောက်မှုများလည်းရှိနေတယ်လို့ KNU ဒူးသထူ သထုံခရိုင်ထုတ်ပြန်ချက်အရ သိရပါတယ်။

BGF တပ်ဖွဲ့တွေရဲ့ ရန်ကြောင့် ဖလံတောင်ဆေးရုံရှိ ဆရာဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်း တွေမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...