ဘားအံမြို့နယ်မှာ KNLA နဲ့BGF တို့ တိုက်ပွဲဖြစ် ၊ BGF ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ဘားအံမြို့နယ်မှာ KNLA နဲ့BGF တို့ တိုက်ပွဲဖြစ် ၊ BGF ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကေအဲန်ယူ သထုံခရိုင် ဟတ္တလိုက်ကျေးရအုပ်စု၊ ဖလံတောင်ကျေးရွာနဲ့နိုအော့လာကျေးရွာကြီးရှိ မဲသနချောင်းအနီးမှာ KNLA နဲ့BGF တို့ တိုက်ပွဲဖြစ် BGF ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှာ BGF-၁၀၁၄ တပ်ရင်းနဲ့KNLA တပ်မဟာ(၁) တပ်ရင်း(၂)တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် KNLA ဘက်မှ ထိခိုက်မှုမရှိဘဲ BGF ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

"မနေ့က တိုက်ပွဲဖြစ်တယ်။ စကစ ဘက်က သေတာ ဒဏ်ရာရတာရှိတယ်။ ဒို့ဘက်ကတော့ သေဆုံးထိခိုက်တာမရှိဘူး။ တိုက်ပွဲပြီးတော့ ဒေသခံတွေကို သူတို့ဘက်က ခေါ်ဆောင်သွားတာတွေရှိတယ်''လို့ KNLA တပ်မဟာ(၁)က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် BGF ဘက်မှ ရေအေးကျေးရွာမှ အမျိုးသား ၅ ဦး၊ ဖလံတောင်ကျေးရွာမှ ၈ ဦး၊ နို့အောလာကျေးရွာမှ ဒေသခံ ၁၀ ဦး စုစုပေါင်း ၂၃ ဦးကို အဓမ္မခေါ်ဆောင်သွားသလို ဒေသခံတစ်ဦးရဲ့ ကားကိုလည်း အသုံးပြုဖို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ BGF တပ်ဖွဲ့တွေက ဖလံတောင်ကျေးရွာနဲ့ရေအေးကျေးရွာတို့မှာ တပ်စွဲစခန်းချထားတယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...