ဘားအံမြို့နယ်မှာ KNLA နဲ့BGF တို့ တိုက်ပွဲဖြစ် ၊ BGF ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ဘားအံမြို့နယ်မှာ KNLA နဲ့BGF တို့ တိုက်ပွဲဖြစ် ၊ BGF ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကေအဲန်ယူ သထုံခရိုင် ဟတ္တလိုက်ကျေးရအုပ်စု၊ ဖလံတောင်ကျေးရွာနဲ့နိုအော့လာကျေးရွာကြီးရှိ မဲသနချောင်းအနီးမှာ KNLA နဲ့BGF တို့ တိုက်ပွဲဖြစ် BGF ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ KNLA တပ်မဟာ(၁)ထံက သိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့မှာ BGF-၁၀၁၄ တပ်ရင်းနဲ့KNLA တပ်မဟာ(၁) တပ်ရင်း(၂)တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် KNLA ဘက်မှ ထိခိုက်မှုမရှိဘဲ BGF ဘက်မှ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

"မနေ့က တိုက်ပွဲဖြစ်တယ်။ စကစ ဘက်က သေတာ ဒဏ်ရာရတာရှိတယ်။ ဒို့ဘက်ကတော့ သေဆုံးထိခိုက်တာမရှိဘူး။ တိုက်ပွဲပြီးတော့ ဒေသခံတွေကို သူတို့ဘက်က ခေါ်ဆောင်သွားတာတွေရှိတယ်''လို့ KNLA တပ်မဟာ(၁)က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် BGF ဘက်မှ ရေအေးကျေးရွာမှ အမျိုးသား ၅ ဦး၊ ဖလံတောင်ကျေးရွာမှ ၈ ဦး၊ နို့အောလာကျေးရွာမှ ဒေသခံ ၁၀ ဦး စုစုပေါင်း ၂၃ ဦးကို အဓမ္မခေါ်ဆောင်သွားသလို ဒေသခံတစ်ဦးရဲ့ ကားကိုလည်း အသုံးပြုဖို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ BGF တပ်ဖွဲ့တွေက ဖလံတောင်ကျေးရွာနဲ့ရေအေးကျေးရွာတို့မှာ တပ်စွဲစခန်းချထားတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...