မတရားဖမ်းဆီးခံထားရသည့် ရခိုင်ပြည်သူများနှင့် AA တပ်ဖွဲ့ဝင်များကိုပြန်လွှတ်ပေးစေလို၍ စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးခြင်းဟု AA ပြောခွင့်ရသူ ဦးခိုင်သုခပြော

မတရားဖမ်းဆီးခံထားရသည့် ရခိုင်ပြည်သူများနှင့် AA တပ်ဖွဲ့ဝင်များကိုပြန်လွှတ်ပေးစေလို၍ စစ်သုံ့ပန်းများကို ပြန်လွှတ်ပေးခြင်းဟု AA ပြောခွင့်ရသူ ဦးခိုင်သုခပြော

မတရားဖမ်းဆီးထားသည့် ရခိုင်ပြည်သူများနှင့် AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးစေလိုသဖြင့် စစ်သုံ့ပန်း ၁၅ ဦးကို ပြန်လွှတ်ပေးရခြင်းဖြစ်ကြောင်း  ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာအားပြောသည်။

“မြန်မာစစ်တပ်ဖက်ကနေ မတရားဖမ်းဆီးအကျဉ်းချထားတဲ့ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်သူတွေ၊ နောက်ကျွန်တော်တို့ ULA/AA အဖွဲ့ဝင်တွေကိုလည်းပဲ မြန်မာစစ်တပ်ဖက်က ပြန်လွှတ်ပေးစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့ သုံ့ပန်းတွေကို အခုလို လွှတ်ပေးရတာ ဖြစ်တယ်ဗျ” ဟုပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေရ နာရီခွဲခန့်က ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ရွာနှင့် ဒီပါရုံကျေးရွာအကြားကျောက်ကွင်းအနီးတွင် မြန်မာတပ်မတော်က ဆေးဗိုလ်ကြီး ရဲလင်းစိုး အပါအဝင် စစ်သားနှင့် ရဲတပ်သားတချို့စုစုပေါင်း ၁၅ ဦးကို AA က လွှတ်ပေးခဲ့သည်။

၄င်းတပ်မတော်အရာရှိဆေးမှူးနှင့်တပ်သားများမှာ လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် မေလခန့်က ဖြစ်ပွားခဲ့သည့် မီးဝတိုက်ပွဲမှ စစ်သုံ့ပန်းများဖြစ်ကြကြောင်းဦးခိုင်သုခက ဆက်ပြောသည်။

“လွှတ်ပေးလိုက်တဲ့အထဲမှာတော့ စစ်တပ်ကလည်းပါတယ်။ ရဲကလည်းပါတယ်ဗျ။ အဲဒီမှာတချို့ဆိုရင် လွန်ခဲ့နှစ်ကဖြစ်ခဲ့တဲ့ မီးဝတိုက်ပွဲအတွင်းမှာ ဖမ်းမိတဲ့သူတွေပါတယ်။ နောက်တခြား နေရာစုံက ဖမ်းဆီးရမိထားတဲ့သူတွေပေါ့နော်” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၁၅၃ ဦးအနက် ၉၄ ဦးမှာလွတ်မြောက်သွားပြီဖြစ်ကာ ဆက်လက် ဖမ်းဆီးခံထားရသူ ၅၇ ဦးကျန်ရှိနေသေးကြောင်း ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဋ္ဌ  ဦးမြတ်ထွန်း၏ ပြောပြချက်အရသိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...