NUCC က စုဖွဲ့မည့် ကော်မရှင်များစာရင်းကို ထုတ်ပြန်

NUCC က စုဖွဲ့မည့် ကော်မရှင်များစာရင်းကို ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက လာမည့်ဖက်ဒရယ်ပြည်ထောင်စု စုဖွဲ့မှုတွင် ဖွဲ့စည်းမည့် ကော်မရှင်များစာရင်းကို ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။

ကော်မရှင်စုစုပေါင်း (၁၅)ခုရှိပြီး ဖက်ဒရယ်ပြည်ထောင်စုကို အခြေခံဖွဲ့စည်းသည့်အခါ လိုအပ်သည့်ကော်မရှင်များလည်းဖြစ်သည်ဟု NUCC က ပြောပါတယ်။

ကော်မရှင်ဖွဲ့စည်းမှုတွေကိုတော့ NUCC မှ ကျင်းပပြုလုပ်မယ့် ပထမအကြိမ်ပြည်သူ့ညီလာခံမှာ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုပြီးသည့်နောက်မှာတော့ ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။

ညီလာခံပြီးရင်တော့ ကော်မတီ၊ ကော်မရှင်ကို လုပ်ငန်းလိုအပ်ချက်အရဖွဲ့စည်းမယ် ... ဖိနှိပ်မှုတွေရှိနေစဉ်မှာတော့ ယာယီကော်မတီအနေနဲ့ ဖွဲ့စည်းဖို့ရှိပါတယ်လို့ NUCC အဖွဲ့ဝင် ဦးမိုးသူက ပြောပါတယ်။

ပထမအကြိမ်ပြည်သူ့ညီလာခံကို လာမည့် ဒီဇင်ဘာလအတွင်းမှာ ကျင်းပပြုလုပ်ပြီး ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုသွားမယ်လို့ သိရပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...