မစ္စတာဆာဆာကာဝါနှင့်AFPဥက္ကဋ္ဌဒေါက်တာအေးမောင်အပါအဝင် တိုင်းရင်းသားပါတီ၄ ခုမှခေါင်းဆောင်များနှင့် နိုဝင်ဘာ ၁၇ရက်နေ့တွေ့ဆုံမည်

မစ္စတာဆာဆာကာဝါနှင့်AFPဥက္ကဋ္ဌဒေါက်တာအေးမောင်အပါအဝင် တိုင်းရင်းသားပါတီ၄ ခုမှခေါင်းဆောင်များနှင့် နိုဝင်ဘာ ၁၇ရက်နေ့တွေ့ဆုံမည်

ဂျပန်နိုင်ငံငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာယိုဟိဆာဆာကာဝါနှင့် ရခိုင်ဦးဆောင်ပါတီ (AFP) ပါတီဥက္ကဌဒေါက်တာအေးမောင် အပါအဝင် တိုင်းရင်းသား ပါတီ ၄ ခုမှ ခေါင်းများနှင့်  နိုဝင်ဘာ ၁၇ ရက်နေ့တွင် တွေ့ဆုံရန်  ချိန်းဆိုထားသည်ဟု သတင်းရရှိသည်။

ရန်ကုန်တွင် နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၃ နာရီတွင် မစ္စတာဆာဆာကာဝါနှင့်တွေ့ဆုံမည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်က နိရဥ္စရာကိုပြောသည်။

"ဒေါက်တာဆာဆာကာဝါနဲ့ တွေ့ဖို့ချိန်းထားတာတော့ရှိတယ်။ အဲ့ဒါကရခိုင်မှာမဟုတ်ဘူ။ ရန်ကုန်မှာ ၁၇ ရက်နေ့ ညနေပိုင်းမှာတွေ့ဖို့ချိန်းထားတယ်။ ရှမ်းပါတီရယ်၊ အန်ကယ်ပါတယ်။ နောက်ပြည်ထောင်စုဖယ်ဒရယ်ပါတယ်။ ရှမ်းပြည်ဘက်ကပါတီတစ်ခုပါသေးတယ်။ ၄ ဦးနဲ့ တွေ့မယ်ဆိုတာမျိုး ချိန်းထားပါတယ်"ဟု ပြောသည်။

 ထိုသို့ တွေ့ဆုံရန် နိုဝင်ဘာ ၁၁ ရက်နေ့က ဆက်သွယ်အကြောင်းကြားလာသည်ဟု ပြောဆိုသည်။

"ဒီတွေ့ဆုံပွဲ ကိစ္စဘယ်လိုထူးခြားမလဲတော့ မပြောတတ်သေးဘူး။ သို့သော်လည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ပတ်သတ်နိုင်တယ်။ ရခိုင်တခုတည်းနဲ့ပတ်သတ်တာမဟုတ်နိုင်ဘူး။ အခြေနေကြည့်ရမှာက သူကဘာကြောင့်လာသလဲ။ ဘာရည်ရွယ်ချက်လဲ။ သူ့ဘက်က ဘာလုပ်ပေးနိုင်မှာလဲ။ ကိုယ့်ဘက်ကဘာလိုအပ်သလဲဆိုတာကို တွေ့ဆုံဆွေးနွေးပြီးမှပဲ ပြောနိုင်မှာပါ။ "ဟု ပြောသည်။

ယခုကဲ့သို့ မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံကိုလာရောက်ပြီး နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်တချို့တွေ့ဆုံမှုနှင့် ပတ်သတ်လို့ မည်သို့ထူးခြားလာမည်ကိုမပြောနိုင်သေးသော်လည်း အမျိုးသားရင်ကြားစေ့ရေးနှင့် ပတ်သတ်နိုင်ကြောင်း ဒေါက်တာအေးမောင်ကပြောသည်။

လတ်တလောတွင် ရခိုင်သို့လာရောက်မည့်သတင်းများလည်းထွက်ပေါ်နေပြီး နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ပတ်သတ်သည့် ပုဂ္ဂိုလ်တစ်ဦးလာရောက်ခြင်းမှာ ကောင်းမွန်သည့်ဘက်ကိုသွားကြောင်း ဒေါက်တာအေးမောင်ကဆက်ပြောသည်။

မစ္စတာဆာဆာကာဝါသည် ရခိုင်စစ်ပွဲရပ်တန့်ရန် ညှိနှိုင်းပေးခဲ့သူတစ်ဦးဖြစ်ပြီး ရက္ခိုင်တပ်တော်(AA) နှင့် မြန်မာစစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲသည့် တစ်နှစ်မြောက်အဖြစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်ကိုပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

 ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၌ စစ်ပွဲများဖြစ်ပွားနေသည့် ရခိုင်က ရွေးကောက်ပွဲ ကျင်းပခွင့် မရခဲ့သည့်မြို့နယ်တချို့တွင် ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုခဲ့သလို မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား အဓိကညှိနှိုင်းပေးခဲ့သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...