နိုင်ငံသား အထောက်အထား မပါသော ရိုဟင်ဂျာ ၃၀ ဦးကို ဖမ်းဆီး

နိုင်ငံသား အထောက်အထား မပါသော ရိုဟင်ဂျာ ၃၀ ဦးကို ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊အတွင်း နိုင်ငံသား အထောက်အထားမဲ့ ရိုဟင်ဂျာ အမျိုး သား ၅ ဦး နှင့် အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၃၀ ဦးကို ဖမ်းဆီးရမိခဲ့ သည်။

ရွာသစ်ကျေးရွာ အပိုင်းထဲသို့ ဘိုကလေးမြစ်ကြောင်းမှ ဝင်ရောက်လာသည့် ချွန်းစက်လှေ အမျိုးအစားအား မသင်္ကာသဖြင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာမှ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက "မေးကြည့်တော့ ရခိုင်ပြည်နယ် မြောက်ပိုင်းကလာတာလို့ ပြောကြတယ်။ မှတ်ပုံ တင်တွေ ဘာတွေတော့ မပါဘူး" ဟု ပြောသည်။

ဘိုကလေးမြို့နယ်အတွင်း နေထိုင်သူ ၃ ဦးက တွံတေးမြို့နယ် အတွင်းသို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ ကနဦး သတင်းများ အရသိရသည်။

ဖမ်းဆီးရမိသည့် မွတ်ဆလင် အယောက် ၃၀ ကို ဘိုကလေး မြို့မရဲစခန်းတွင် ထိမ်းသိမ်းထားပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန  စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

ဧရာဝတီတိုင်းထဲတွင် အထောက်အထားမဲ့ ရိုဟင်ဂျာများအား ဖမ်းဆီးရမိမှုမှာ စစ်တပ်က အာဏာသိမ်း ပြီးနောက် ၉ လ အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဧရာဝတီတိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...