နိုင်ငံသား အထောက်အထား မပါသော ရိုဟင်ဂျာ ၃၀ ဦးကို ဖမ်းဆီး

နိုင်ငံသား အထောက်အထား မပါသော ရိုဟင်ဂျာ ၃၀ ဦးကို ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊အတွင်း နိုင်ငံသား အထောက်အထားမဲ့ ရိုဟင်ဂျာ အမျိုး သား ၅ ဦး နှင့် အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၃၀ ဦးကို ဖမ်းဆီးရမိခဲ့ သည်။

ရွာသစ်ကျေးရွာ အပိုင်းထဲသို့ ဘိုကလေးမြစ်ကြောင်းမှ ဝင်ရောက်လာသည့် ချွန်းစက်လှေ အမျိုးအစားအား မသင်္ကာသဖြင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာမှ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက "မေးကြည့်တော့ ရခိုင်ပြည်နယ် မြောက်ပိုင်းကလာတာလို့ ပြောကြတယ်။ မှတ်ပုံ တင်တွေ ဘာတွေတော့ မပါဘူး" ဟု ပြောသည်။

ဘိုကလေးမြို့နယ်အတွင်း နေထိုင်သူ ၃ ဦးက တွံတေးမြို့နယ် အတွင်းသို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ ကနဦး သတင်းများ အရသိရသည်။

ဖမ်းဆီးရမိသည့် မွတ်ဆလင် အယောက် ၃၀ ကို ဘိုကလေး မြို့မရဲစခန်းတွင် ထိမ်းသိမ်းထားပြီး စစ်ကောင်စီ လက်အောက်ခံရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန  စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။

ဧရာဝတီတိုင်းထဲတွင် အထောက်အထားမဲ့ ရိုဟင်ဂျာများအား ဖမ်းဆီးရမိမှုမှာ စစ်တပ်က အာဏာသိမ်း ပြီးနောက် ၉ လ အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်ဟု ဧရာဝတီတိုင်း လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။

July 31, 2026
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅...
July 31, 2026
ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်းရှိ မာဒရာဆာကျောင်းများတွင် ရခိုင်စာ၊ စကားသင်ကြားရန်နှင့်...
July 31, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်...
July 30, 2026
ရခိုင်ပြည်အတွင်းရှိ မင်းပြားမြို့နှင့် ပေါက်တောမြို့များကို အာရက္ခတပ်တော် (AA) က...