ပျူစောထီးအဖွဲ့လိုက်ပါလာသောယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

ပျူစောထီးအဖွဲ့လိုက်ပါလာသောယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ မင်းရပ်နဲ့သာယာကုန်းကျေးရွာကြားမှာ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ပျူ စောထီးအဖွဲ့လိုက်ပါလာသော ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ယနေ့ နံနက် ၁၁ နာရီခန့်မှာ ပျူ စောထီးအဖွဲ့ခေါင်းဆောင် ဦးဇော်နဲ့အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ယာဉ်ကို ကျေးရွာ ၂ ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်နောက်ပိုင်း ထိခိုက်ပျက်စီးသွားပြီး ပျူစောထီးခေါင်းဆောင် ဦးဇော်အပါအဝင် အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပျူစောထီးအဖွဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေချိန်မှာ အစစ်ဆေးမခံဘဲ ဆိုင်ကယ်ပြန်လှည့်သူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တာကြောင့် ဝမ်းဗိုက်ကျည်ထိမှန် သေဆုံးသွားတယ်လို့ သိရပါတယ်။

"ဒီမနက် ပျူ စောထီးတွေ စီးလာတဲ့ကား မိုင်းဆွဲခံရတယ်။ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရတယ်။ အဲဒါတွေပြီးတော့ စကစ အဖွဲ့တွေ လမ်းသွားလမ်းလာတွေကို စစ်တဲ့အချိန် အစစ်မခံဘဲ ဆိုင်ကယ်လှည့်ပြန်တဲ့သူကို သေနတ်နဲ့လှမ်းပစ်တာ သေသွားတယ်လို့ သိရတယ်''လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားသူ အမျိုးသားမှာ ထားဝယ်မြို့နယ် ဇလွန်းရွာသားတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

ပျူ စောထီးအဖွဲ့လိုက်ပါလာတဲ့ ယာဉ်ကို မိုင်းဆွဲတိုက်ခိုကတာဟာ မိမိတို့လက်ချက်ဖြစ်တယ်လို့ Underground PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...