မြို့နယ်အလိုက် လူဦးရေစာရင်းကောက်ဖို့ စစ်ကောင်စီခန့် ကော်မရှင် ညွှန်ကြား

မြို့နယ်အလိုက် လူဦးရေစာရင်းကောက်ဖို့ စစ်ကောင်စီခန့် ကော်မရှင် ညွှန်ကြား
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်နေစဥ်
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်နေစဥ်

စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့အတွက်ဆိုပြီး မြို့နယ်အလိုက် လူဦးရေစာရင်းတွေကို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည်တင်ပြဖို့ လဝကနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ညွှန်ကြားထားပါတယ်။

လူဦးရေ စာရင်းပြုစုရာမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို အခြေခံပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အိမ်ထောင်စုစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ ပြင်ဆင်ဖြည့်စွက်တာ၊ ပယ်ဖျက်တာတွေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်မယ့်သူတွေကို ထပ်မံဖြည့်သွင်းကြဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြန်လည် ပြုစုထားတဲ့ လူဦးရေစာရင်းတွေကိုတော့ လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် တင်ပြပေးဖို့ ညွှန်ကြားထားတယ်လို့ လဝက ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ အခြေခံမဲစာရင်း မှန်ကန်ရေးအတွက် မြို့နယ်အလိုက် လူဦးရေ စာရင်းတွေကို ပြန်လည် ပြုစုဖို့ ညွှန်ကြားရတာလို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ လာမယ့် ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး၊ စစ်ကောင်စီရဲ့ PR စနစ်ကိုတော့ အင်အားကြီး နိုင်ငံရေးပါတီတွေ အများစုက လက်မခံကြပါဘူး။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...