တစ်ရက်တည်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀ ကျော် ထပ်မံ ဖမ်းဆီးခံရ

တစ်ရက်တည်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၀ ကျော် ထပ်မံ ဖမ်းဆီးခံရ

မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို ဒီကနေ့မနက်ပိုင်း ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့အနီး စံခရဘူရီမြို့နယ်ထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်က ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် စံခရဘူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၁၈ ဦးကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ပကာ၊ စမွတ်ဆာခွန်၊ ချွန်ဘူရီ၊ ပရာကျင်ဘူရီ၊ ရပ်ဘူရီနဲ့ ပကျွပ်ခရိုင်ဘက်ကို သွားရောက်မှာဖြစ်ပြီး ခရီးစရိတ်အဖြစ် တစ်ဦးကို ဘတ် ၂၅၀၀၀ ကနေ ဘတ် ၂၆၀၀၀ အထိ ပေးဆောင်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းလုံခြုံရေးအဖွဲ့တွေက ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပြီးတဲ့နောက် စံခရဘူရီမြို့နယ်ရဲစခန်းကို လွှဲပြောင်းပို့ဆောင်လိုက်တယ်လို့ ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံထဲကို အခုလိုပွဲစားအစီအစဉ်တွေနဲ့ တရားမဝင်ဝင်ရောက်လာတာတွေ မပြုလုပ်ဖို့ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောဆိုတိုက်တွန်းထားပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်အကိုင်ရရှိဖို့အတွက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေကတော့ နေ့စဉ်လိုလိုရှိနေဆဲပဲ ဖြစ်ပါတယ်။

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...